Thursday, October 1, 2009

Shopping Mall


ကိတ်မုန့်ဈေးပွဲတော် အခင်းအကျင်းပုံစံ

Shopping Mall မှာ ၀ါကျွတ်မုန့်ဈေးပွဲတော် ကျင်းပနေတာပါ။ City Mart က ဖွင့်ထားတဲ့ Season & Bakery ကိတ်မုန့်ဆိုင် ရှိပေမယ့် Shopping Mall က ရာသီအလိုက် ဈေးရောင်းပွဲတော်ပါ။ Moon & Bakery နဲ့ Parison ကိတ်မုန့်ဆိုင်တွေ။ ၂ ဆိုင်စလုံးက ကိုရီးယား မုန့်လုပ်နည်းပညာနဲ့ လုပ်ထားတဲ့ ကိတ်မုန့်တွေ။ Black Forest ကိတ်မုန့်ဆို ၁ စိတ်ကို ၈၀၀ ကျပ် Bear cookie တစ်ခုကို ၆၀၀ ကျပ် Pig head cookie နဲ့ ဈေးနှုံး တူတူပဲ။ စားလို့ ကောင်းတယ်။ Season လည်း ကောင်းပါတယ်။


Bear Cookie & Pig Head Cookie


သားသားက သွားလေရာ မျက်နှာပွင့်တယ်။




သမီးက City Mart ဈေးဝယ်အိတ် ကို ၀ိုင်းပီး ကူသယ်ပေးပါတယ်။ စင်ကာပူက Fare Price သွားရင် ဈေးဝယ်တွန်းလှည်း ရန်ကုန်ကို သယ်လာပါသေးတယ်။ အဲဒီလှည်းနဲ့ ဈေးသွားဝယ်ရင် လူတွေ တော်တော် သဘောကျပါတယ်။ ဘယ်မှာဝယ်တာလဲး အမြဲမေးခံရတယ်။ shopping mall တွေမှာလည်း လှည်းလေးတွေ ရှိပါတယ်။ Ocean နဲ့ Orange တို့မှာဆို ကားမောင်းတဲ့ ဈေးဝယ်လှည်းတွေရှိတယ်။ ဈေးဝယ်ပီး အပြန်ကျရင်လည်း လိုက်ပို့ပေးသေးတယ်။ စီးတီးမတ်ဆိုရင် အိမ်အောက်ထိကို လိုက်ပို့ပေးတယ်။ ဒါကြောင့် အိမ်က လှည်းက သိပ်မသုံးဖြစ်ဘူး။ အိမ်မှာပဲ မီးပူတိုက်ဖို့ အ၀တ်ခြောက်တွေ ထည့်တဲ့ အ၀တ်လှည်းဖြစ်သွားတယ်။


သမီးက ကိတ်မုန့် ကိုယ်တိုင် လုပ်ချင်တာလေ။ နိုင်ငံခြားက ကျောင်းတွေမှာတော့ ကျောင်းသင်ခန်းစာမှာ ချက်နည်းပါတယ် ပြောတယ်။ မုန့်လုပ်နည်းကော ပါလား မသိဘူး။ ဒီမှာတော့ ကိတ်မုန့်လုပ်နည်း သင်တာ လူကြီးတွေဆိုတော့ ကလေး တက်မယ်ဆို အဆင်ပြေမယ် မထင်ဘူး။ နွေကျမှပဲ စုံစမ်း ကြည့်ရပါအုံးမယ်။ ကောင်းတဲ့ အမူအကျင့်လေးတွေဆိုရင် အားပေးတယ်။ ပံ့ပိုးပေးတယ်။ လုပ်ချင် ကိုင်ချင်စိတ် ရှိတုန်း ပေးမလုပ်ထားရင် ကြီးလာတဲ့အခါ မလုပ်ချင်တော့မှာ စိုးလို့ပါ။ ကလေးတစ်ယောက်ရဲ့ ခံယူချက်က လူကြီးတွေထက်ပိုခိုင်မာပါတယ်။ ငယ်ငယ်လေးကတည်းက အတတ်နိုင်ဆုံးလေး အမူအကျင့်ကောင်းလေးတွေကို ညွှန်ပြပေးထားလိုက်တာ။ အခုဆို ထမင်းကို rice cooker နဲ့ ချက်တတ်နေပါပီ။ ဆန်ဆိုလည်း သေချာ ဆေးတတ်နေပီ။ ရေထည့်တာလည်း သေသေချာချာ မှန်အောင် ထည့်တတ်တယ်။ မီးခလုတ်တွေက စိတ်ချရပါတယ်။ သမီးကို ခိုင်းတာ မဟုတ်ပါဘူး။ မလုပ်တတ် မကိုင်တတ်ရင် သူများ ခိုင်းတာ ခံနေရမှာစိုးတာရယ်။ ဂိမ်းတွေနဲ့ အချိန်ကုန်နေမှာစိုးတာကြောင့်ပါ။ သမီး ရဲ့ ကျောင်း အပြင်က သူငယ်ချင်းတွေ တော်တော်များများ အင်တာနက် ဂိမ်းတွေနဲ့ အချိန်ကုန်နေပေမယ့် တချို့ သူငယ်ချင်းတွေဆို မိဘ စီးပွားရေးမှာတောင် ဆိုင် ကူစောင့်ပေးပီး တော်တော် အားကိုးနေရပါပီ။ အဲဒါ ၇ နှစ် ကလေးတွေပါ။ အဲဒီ ကလေး အမေ ဆိုရင် ဈေးရောင်းတဲ့ စာရင်းတောင် သူ့ သမီးလေးကို တွက်ခိုင်းတာ။ တကယ့် လက်တွေ့ဆိုတော့ ပိုပီး စိတ်ဝင်စားတာပေါ့။



Shopping Mall အပေါ်ထပ်က အ၀တ်အထည်ဆိုင်ရှေ့မှာ အလှဆင်ထားတဲ့ မီးပုံးလေးတွေ

ဖယောင်းတိုင် ကြာဖူး မီးအလှဆင်ထားတာနဲ့ သမီးလေး Angel

တခါစီး ၂၀၀ ကျပ်

0 comments:

Related Posts Plugin for WordPress, Blogger...

Enjoy your visit!

Please don't copy of my blog posts and photos, that is mine without my permission.

Please don't remove blogger's copyright marks/watermarks from the images.

လာလည်တာကို ကြိုဆိုပါတယ်။

( Family Personal Photos ) မိသားစု ကိုယ်ရေးကိုယ်တာ - ဓာတ်ပုံများ နှင့် ဘလော့ပိုစ့်များကို မိတ္ထူကူးယူခြင်း၊ ( ကော်ပီကူးခြင်း )
လုံးဝ မပြုလုပ်ပါနှင့် ....