Christmas Home Decoration

ပူပေါင်းလေးတွေက မျက်နှာကျက်ပေါ်မှာ double tape နဲ့ ကပ်ပီး ဖယောင်းပါတဲ့ဖဲကြိုးလေးတွေကို ပေတံနဲ့ ဆွဲချလိုက်တဲ့အခါမှာ ဖဲကြိုး ကွေးကွေးလေးတွေ ရသွားတာမို့ ခရစ်စမတ်အရောင်ဖြစ်တဲ့ အနီရောင်နဲ့ အစိမ်းရောင်ကို မျက်နှာကျက်မှာ ဆင်ချင်ပေမယ့် အစိမ်းရောင် ပူပေါင်းတွေ မရှိဘူး ဆိုင်မှာ။ အနီရောင်လည်း အဆင်ပြေနေတာမို့ မာမီတို့ ရဲ့ 2009 x'mas အလှဆင်ခြင်း အမှတ်တရအချိန်လေးပါ ...

တိုင်းရင်းသားကျေးရွာ

ရှမ်းမင်းသားလေးနှင့် မဏိစန္ဒာ

ရွှေပုစွန်

၂၀၀၉ ခုနှစ် ရွှေပုစွန် ခရစ်စမတ် အလှဆင် ဒီဇိုင်းများနှင့် မိသားစု အမှတ်တရ

ရွှေပုစွန်မှ မုန့်များ

သမီးလေး နှင့် သားလေး အကြိုက် ရွှေပုစွန်မှ မုန့်များ

စနေနေ့ နေ့လည် ပီဇာဆိုင်မှာ

သားသား ကြိုက်သော ပီဇာ ... extra cheese ထပ်ထည့်ခိုင်းရတယ်။ အဲဒါမှ ပိုစားကောင်းလို့ သားသားနဲ့ သမီးက ကြိုက်မှ ကြိုက်။

Monday, November 30, 2009

ပေါက်စီသေးသေးလေး







ဒီနေ့အမျိုး ကလေး ကျောင်းပိတ် အိမ်ပြန်လာလို့ စင်ကာပူမှ မြန်မာ အိမ်ပြန်လက်ဆောင်မုန့်တွေပါ။ အိမ်က လူတွေကတော့ စင်ကာပူက ပေါက်စီကို အရမ်းကြိုက်ပါတယ်။ ပဲမဲပေါက်စီ နဲ့ ၀က်နံရိုး ပေါက်စီကို အကြိုက်ဆုံး ပါ။ ရေခဲရိုက်ထားသော မန်ထိုပေါက်စီ နဲ့ ပလာတာကတော့ City Mart မှာ ၀ယ်လို့ ရပေမယ့် စင်ကာပူ ပေါက်စီ လတ်လတ်ဆပ်ဆပ်ကတော့ အမျိုးများ အိမ်ပြန်လာမှပဲ စားရပါတော့တယ်။

စပျစ်သီးက ဒီမှာ တစ်ကီလိုကို 5800 ကျပ်ပါ။ စင်ကာပူက တစ်ကီလိုကို 5.50 SD$ (ဈေးကတော့ တစ်ကီလိုကို ၁၅၀၀ ကျပ် ~ ၂၀၀၀ ကျပ် ) ကွာပါတယ်။

စင်ကာပူမှာ ကျောင်းသွားတက်တဲ့ သူတွေကို ကြည့်လိုက်တိုင်း စင်ကာပူက ရေကြောင့် အသားများ ပိုဖြူလာကြသလို စားတဲ့ အသားတွေ အသီးအနှံတွေရဲ့ ဓာတ်မြေသြဇာကြောင့်လား မသိဘူး။ ခန္ဒာကိုယ်က ဒီက လူတွေထက် နှစ်ဆလောက် ရှိတယ်။

Sunday, November 29, 2009

ဟန်ထွန်း - အရင်က ဇာတ်လမ်းလေး



http://www.youtube.com/watch?v=XaQIOL-OfT0&feature=player_embedded

ရန်ကုန်မှာ နာမည်ကြီးနေတာတော့ အတော်ကြာပီ။ အခုထက်ထိ လူကြိုက်များနေတဲ့ အဆိုတော် ဟန်ထွန်းရဲ့ အရင်က ဇာတ်လမ်းလေး။

ဈေးဝယ်တွန်းလှည်း





ကြက်သွန်ဖြူ သနပ် (ဈေးနှုံး)





ကြက်သွန်ဖြူ သနပ်


ငါးခြောက် သနပ် (ဈေးနှုံး)





ငါးခြောက် သနပ်


သရက်သီးစိမ်း သနပ် (ဈေးနှုံး )



သရက်သီးစိမ်း သနပ်


နံနံပင် ( Coriander ) = ၂၁၀ ကျပ်


ရှောက်ရွှက် (Citron Leaf) = ၂၃၀ ကျပ်

ကြက်ရိုးကို ကြက်သွန်ဖြူ၊ နီ၊ ဂျင်းနဲ့ ပြုတ်ပီးတဲ့ အခါမှာ သောက်ခါနီးကျရင် အစေ့မပါ သံပုရာသီး ညစ်ထည့်ပီး ကြက်ရိုးဟင်းရည် ပူပူလေးကို ပါးပါးလှီးထားတဲ့ ရှောက်ရွှက် နုနုလေးတွေ ခပ်သောက်ရင် အရမ်းပဲ သောက်လို့ ကောင်းလို့ ၀ယ်ပါတယ်။



ရွှေပုစွန် ငါးရံခြောက် 100 g = 3300 ကျပ်

မနက်စာ ပဲပြုတ်ထမင်းကြော်နဲ့ တွဲစားဖို့ ၀ယ်ပါတယ်။


Pan Cake = 200 g = ၁၁၀၀ ကျပ်

ကလေးများအကြိုက် အိမ်မှာပဲ Pan cake လုပ်စားဖို့ ၀ယ်ပါတယ်။ Pan Cake က မနက်စာလည်း စားလို့ ရသလို၊ နေ့လည်စာ ကြိုက်တဲ့အချိန်စားလို့ ရပါတယ်။ Pan Cake ကြော်ဖို့ ဒယ်အိုးက Pan Cake ပုံစံ အ၀ိုင်းသေးဆို ပိုတောင် ကောင်းပါသေးတယ်။ Pan Cake ကို စတော်ဘယ်ရီယို သုတ်ပီးတော့လည်း စားတတ်ပါသေးတယ်။


နဂါးမောက်သီး

ရွှေမြန်မာက ဖီးကြမ်းဌက်ပျောသီးက တစ်ဖီးကို 800 ကျပ် ကနေ တစ်ထောင်ကျပ်အထိ ရှိပါတယ်။ ဖီးကြမ်း ဌက်ပျော်သီး မစားတဲ့ အပတ်ဆို သားသား ကြိုက်သော နဂါးမောက်သီး ၀ယ်ပါတယ်။


စပျစ်သီး


ဝက်သားကောက်ညင်းထုပ် = ၈၅၀ ကျပ်



ဝယ်ပီးပီ ဆိုတော့လည်း
ပိုက်ဆံ ရှင်းရပီပေါ့နော်။
အော် ... လကုန်ရက်လည်း ရောက်ပီဆိုတော့ ဒီနေ့ စီးတီးမတ်မှာ လူအတော်စည်ပါတယ်။
သောကြာနေ့က

လခ ထုတ်ရက်မို့လို့ပါ။

Saturday, November 28, 2009

ဝက်နံရိုး စွန်တန် ဟင်းရည်


စွန်တန်


စွန်ခေါင်းသီး


ငရုတ်သီးစိမ်းထောင်း


ဝက်နံရိုး စွန်တန်ဟင်းရည် (ချဉ်ချဉ် စပ်စပ်လေး)

ဆောင်းရာသီဥတုနဲ့ စွန်တန်ဟင်းရည်က အလိုက်ဖက်ဆုံးပါပဲ။ ရာသီဥတုက အေးလွန်းတော့ ချဉ်ချဉ်စပ်စပ်လေး သောက်လိုက်ရင် နေလို့ ထိုင်လို့ တော်တော်ကောင်းပါတယ်။ နို့မို့ရင် အေးတဲ့ ရာသီဆိုရင် ဇက်ကြောက တက်ချင်ချင်ရယ်။

ဝက်နံရိုးကို ဆီသပ်ဖို့အတွက် ဆီလေး ပါတယ်ဆိုရုံလေး ဒယ်အိုးထဲ ထည့်ပီး ကြက်သွန်ဖြူ၊ ဂျင်းနဲ့ ဆား၊ + အသားမှုန့်နယ်ထားပီးသား ၀က်နံရိုးတွေကို ဆီသပ်ပါတယ်။ သူများတွေ ဆီသပ်ပီး ချက်မချက် မသိပါ။ ကိုယ်ကတော့ စွပ်ပြုတ် ချက်ရင်တောင် ဆီသပ်ပီး ချက်ပြုတ်မှ ချိုပီး သောက်ကောင်းတယ် ထင်တဲ့ လူမို့လို့ပါ။ ဆီလည်း အများကြီး မထည့်ရဲပါဘူး။ နည်းနည်းလေးနဲ့ ဆီပူထိုးတာပါ။ ဆီသပ်ပီးမှ ရေထည့်ပီး တည်ထားတုန်း ကြက်သွန်နီဥကို ၄ စိတ် လှီးထားတာ ထည့်ပါတယ်။ ကြက်သွန်နီ ဥကို ကြက်သွန်ဖြူလို ထောင်းထားတာ ထည့်လည်း စားကောင်းသလို ကြက်သွန်နီ အချပ်လေးတွေ နူးနူးအိအိလေးကလည်း စားလို့ ကောင်းလို့ စွန်တန်ဟင်းရည် ချက်ရင် ကြက်သွန်နီကို ၄ စိတ်ပဲ ထည့်ပါတယ်။ ပီးရင် စွန်တန်၊ စွန်ခေါင်းသီး ထည့်ပီး နှစ်ရည်လောက် ချက်ပြုတ်လိုက်ရင်ပဲ အချဉ်ဓာတ်ကြောင့် ၀က်နံရိုးအသားကော အရိုးကော နူးအိသွားတယ်။

ကိုယ်က စပ်စပ်လေး သောက်မှာမို့လို့ ကိုယ် သောက်မယ့် ပန်းကန်လုံးထဲမှာ ငရုတ်သီးစိမ်းလေး ထောင်းထားတာကို ထည့်ပီးမှ စွန်တန် ဟင်းရည်ပူကို လောင်းထည့်တာပါ။

စာမြည်းလေးနဲ့ ၀က်နံရိုး စွန်တန်ဟင်းရည် ချဉ်ချဉ်စပ်စပ်လေး သောက်ပီးတဲ့အခါ အေးတဲ့ရာသီဥတုမှာ လန်းဆန်းပါစေ။

Myanmar cloth


တိုက်ပုံအကျီလေးဝတ်ပီး မာမီကို ပြုံးဖီးဖီးလေးနဲ့ ပြုံးပြနေတဲ့ မေ့သားတော်မောင်


သားသားမွေးနေ့တုန်းက birthday party blow လေးနဲ့ ဆော့နေတာ။
တီဗီ ကြည့်တဲ့အခါ အခုလိုမျိုး ကြမ်းပြင်မှာ အိပ်ပီးတော့လည်း သားသားလေးက ကြည့်တတ်သေးတယ်။

တိုက်ပုံအကျီဝတ်ထားသော သားသား


ဒီနေ့ သားသားက ထမင်းစားခန်းမှာ ရှိတဲ့ ဘေစင်က ရေကို ဆော့တယ်လေ။ ရေဘုံဘိုင်ခေါင်းကို လက်နဲ့ ပိတ်တော့ ရေတွေက စင်တယ်။ သားသားကိုကော ထမင်းစားပွဲအောက်က ကော်ဇောအသေးကိုပါ ရေတွေစိုကုန်တာပေါ့။ သားသားက အဲဒါကို သဘောတွေကျပီး ရေတွေ ဆော့နေလို့ မနည်း တားယူရတယ်။ ရေနွေးနဲ့ ရေအရင်ချိုးပေးပီးမှပဲ ကြမ်းပြင်က ရေတွေကို လိုက်သုတ်ရတာပေါ့။ ကြမ်းတိုက်တဲ့ တုပ်နဲ့။

၂နှစ်သားလည်း ရောက်လာရော သားသား က အရမ်းပဲ ဆော့လာတယ်။ မာမီ မောပါ့။ မာမီသားကို လိုက်ဆွဲနေရတာ။

ရေချိုးပီး အနွေးထည်ဝတ်ပေးမယ်ဆိုတော့ သားသားက တိုင်းရင်းသားကျေးရွာက ၀ယ်လာတဲ့ တိုက်ပုံကို ၀တ်မယ်ဆိုတာနဲ့ပဲ တိုက်ပုံဝတ်ပီး အမှတ်တရ ဓာတ်ပုံရိုက်ထားလိုက်တာ။


တိုင်းရင်းသားကျေးရွာ သွားတုံးက မန္တလေး ကျုံးမျှော်စင် အပေါ်ထပ်မှာ မိသားစု အမှတ်တရ ရိုက်ထားတာ။


သားသားကို တိုက်ပုံဝတ်ပေးပီး မြန်မာအိမ် အောက်ထပ်မှာ အမှတ်တရ ဓာတ်ပုံ

Thursday, November 26, 2009

ငါးခြောက် သနပ်


ငါးခြောက် သနပ်၊


သနပ်စုံ၊


သရက်သီးစိမ်း သနပ်၊


မနက်စာ ပဲပြုတ်ထမင်းကြော် နဲ့ တွဲစားသော ဟင်းအရံများ၊


ဒီနေ့မနက်စာ ပဲပြုတ် ထမင်းကြော်နဲ့အတူ ငါးခြောက် သနပ် ပါ။ သရက်သီးစိမ်း သနပ်လည်း စားလို့ ကောင်းသလို၊ ဘဲဥ ငါးခြောက်ရိုး ချဉ်ရည်ဟင်း၊ ငါးခြောက်ရိုးနဲ့ သီးစုံ ပဲကုလားဟင်း ရောချက်ထားတာကို ကြိုက်တဲ့လူ ဆိုရင် ငါးခြောက်သနပ်ကို ကြိုက်မှာ အမှန်ပဲ။

သနပ်စုံ က 124 g ကို 446 ကျပ်
သရက်သီးစိမ်းသနပ် 120 g ကို 420 ကျပ်
ငါးခြောက် သနပ် 136 g ကို ၁၁၉၇ ကျပ်





မန္တလေး သီးစုံ ထိုးမုန့်က စီးတီးမတ်က ၀ယ်တာ။ သီဟိုစေ့ နဲ့ စပျစ်သီးခြောက်ကို သပ်သပ် အထုပ်သေးသေးလေးနဲ့ ထုပ်ထားပေးတယ်။ စားလို့ကောင်းပါတယ်။ ဒါပေမယ့် သိပ်မကြိုက်ဘူး။ ထိုးမုန့်လို ချိုတဲ့ အချိုမျိုး သိပ်မကြိုက်ဘူး။ ချဉ်တာ၊ စပ်တာ၊ ကော်ဖီခါးပဲ ကြိုက်တယ်။ အဖေက မိတ္ထီလာသားဆိုတော့ မန္တလေးက ထိုးမုန့် ကြိုက်တယ်လေ။ ကိုယ်တို့လည်း အညာမုန့်တွေ တော်တော်များများ ကြိုက်တတ်ပါတယ်။

Tuesday, November 24, 2009

YKKO ကြေးအိုး ဆီချက်


YKKO ကြေးအိုး ဆီချက် (တစ်ပွဲကို 2800 ကျပ်) ။ အသားတွေ အများကြီးပဲ။


YKKO မှ ငရုတ်ဆီ

Cream


Ice Cream


ကြက်ကင်


Moon & Bakery မှ ကျောက်အိုးပူ ကိုးရီးယားထမင်းသုပ်


ကင်ချီ


Moon & Bakery မှ ကိုးရီးယား ပဲခေါက်ဆွဲ


Orange Super Market က ၀ယ်လာတဲ့ ကိုးရီးယား ပဲခေါက်ဆွဲ (Ready Made) ဗူး


Moon & Bakery မှ ကွတ်ကီးများ




Related Posts Plugin for WordPress, Blogger...

Enjoy your visit!

Please don't copy of my blog posts and photos, that is mine without my permission.

Please don't remove blogger's copyright marks/watermarks from the images.

လာလည်တာကို ကြိုဆိုပါတယ်။

( Family Personal Photos ) မိသားစု ကိုယ်ရေးကိုယ်တာ - ဓာတ်ပုံများ နှင့် ဘလော့ပိုစ့်များကို မိတ္ထူကူးယူခြင်း၊ ( ကော်ပီကူးခြင်း )
လုံးဝ မပြုလုပ်ပါနှင့် ....