Sunday, December 6, 2009

Family Week


ရန်ကုန်မြို့၊ ၉ မိုင်မှာ ရှိတဲ့ North Point Shopping Mall မှာ ဒီနေ့ 5.12.09 က Family Week ပွဲ လုပ်ပါတယ်။ အဲဒီပွဲရဲ့ ဖွင့်ပွဲကို ကိုဆန်းထွန်းတို့ Dream Boat အဖွဲ့ က ဦးစီးပီး အနုပညာရှင် မိသားစု ဖြစ်တဲ့ မရတနာခင်တို့ မိသားစု၊ အာဇာနည်တို့ မိသားစု၊ ဇာနည် + ကြည်လဲ့လဲ့ဦးတို့ မိသားစု၊ ပိုင်ဇေရဲထွန်းတို့ မိသားစုက ဖဲကြိုးဖြတ်ပေးတဲ့ ပွဲကို သွားခဲ့တဲ့ မိသားစု အမှတ်တရ အချိန်လေးတွေပါ။


Dolphin အကျီဝတ်ထားတဲ့ အရုပ်လေးတွေနဲ့အတူ၊ အဆိုတော် အာဇာနည် + ၀မ်း တို့ မိသားစု။


အကျီအပြာရောင်လေး (ဆံပင်သပ်နေတဲ့သူက) မင်းသမီး ကြည်လဲ့လဲ့ဦး။


ဝမ်း၊ အာဇာနည် နှင့် သူဘေဘီလေး၊ ပိုင်ဇေရဲထွန်း နှင့် သူ့ သားအငယ်ဆုံးလေး။


မြ၀တီ တီဗီအစီအစဉ်ကလာတဲ့ အောင်မြင်ကျော်ကြားသူတို့ရဲ့ တစ်နေ့တာအစီအစဉ်ကို ကြာသပတေး အပတ်တိုင်းကြည့်ဖြစ်တယ်။ အဲဒီမှာ အာဇာနည်ရဲ့ တစ်နေ့တာ အစီအစဉ်မှာတော့ အာဇာနည်နဲ့ မင်းမော်ကွန်းတို့က သူငယ်ချင်း တစ်အုပ်စု၊ အာဇာနည်က ဟင်းချက် အရမ်းပဲ ကောင်းသလို ၀မ်းကလည်း အိမ်အလှပြင်ဆင် Home Decoration မှာ ချစ်စရာကောင်းအောင် အိမ်ကို အလှဆင်တတ်တာလေးကို ကြည့်ဖြစ်တော့လည်း ဒီမိသားစု ကလေ အာဇာနည်တို့ မိသားစုကို ချီးကျူးတယ်။



ကြည်လဲ့လဲ့ဦး + ဇာနည်၊ ပိုင်ဇေရဲထွန်း၊ သူထူးဇံ တို့က သူငယ်ချင်းတစ်အုပ်စု၊ ပိုင်ဇေရဲထွန်းရဲ့ သမီးအကြီးက အရမ်းပဲ ချစ်ဖို့ကောင်းသလို၊ သားအငယ်ကလည်း တော်တော်ကို ချောတာပါ။ အဖေ၊ အမေက အရမ်းချောတာလည်း ပါမှာပါ။

အာဇာနည်တို့ မိသားစု နဲ့ ပိုင်ဇေရဲထွန်းတို့ မိသားစု ဖဲကြိုးဖြတ်နေတဲ့ပုံ။


လက်ဆောင် ပစ္စည်းနဲ့ ပန်းစည်းပေးနေတာ။


ပိုင်ဇေရဲထွန်း နှင့် သူ့ သားသား


ရတနာခင် နှင့် သူမ၏ သားချော

North Point Shopping Mall ရဲ့ Family week ပွဲကို သက်နန္ဒာ မိသားစု သွားကြည့်ခဲ့တဲ့ အမှတ်တရ အချိန်လေးတွေ .....

0 comments:

Related Posts Plugin for WordPress, Blogger...

Enjoy your visit!

Please don't copy of my blog posts and photos, that is mine without my permission.

Please don't remove blogger's copyright marks/watermarks from the images.

လာလည်တာကို ကြိုဆိုပါတယ်။

( Family Personal Photos ) မိသားစု ကိုယ်ရေးကိုယ်တာ - ဓာတ်ပုံများ နှင့် ဘလော့ပိုစ့်များကို မိတ္ထူကူးယူခြင်း၊ ( ကော်ပီကူးခြင်း )
လုံးဝ မပြုလုပ်ပါနှင့် ....