တနင်္ဂနွေနေ့က အိမ်ကနေ နေ့လည် 12 နာရီကျော်မှာ စထွက်ပါတယ်။ တိရစ္ဆာန်ရုံနားမှာ ရှိတဲ့ Game City ကို ၁၂း၃၀ နာရီနီးပါးလောက်မှာ ရောက်တယ်။ ရောက်ရောက်ချင်း ကလေးတွေ ကစားဖို့ လက်မှတ်လေးတွေ ၀ယ်တယ်။ မြင်းရဟတ်စီးတာနဲ့ မီးပုံပျံစီးတာပဲ လက်မှတ်တစ်စောင်ကို ၂၀၀ ကျပ်။ ကျန်တဲ့ ရိုလာကိုစတာ စီးတာတွေကတော့ ၃၀၀ ကျပ်ပါ။ ဒီနေ့က ပိတ်ရက်ဖြစ်တာမို့ လူလည်း တော်တော်များပါတယ်။ ပျော်ဖို့လည်း ကောင်းပါတယ်။
သမီး Angel မြင်းရဟတ်စီးနေတာပါ။ တစ်ခါစီး ကလေးတစ်ယောက်ကို လက်မှတ်ခ - ၂၀၀ ကျပ်။
သားသားကတော့ မြင်းပေါ်မှာ ထိုင်စီးပီး mum က သားသားကို ကိုင်ထားပါတယ်။ လူကြီးက ကလေးကို ဘေးကနေ ကိုင်ထိန်းပေးပီး စီးလို့ ရတယ်လေ။ လူကြီး အလကားပေါ့။
သမီးကတော့ ကစားကွင်းထဲက ဂိမ်းတွေ အားလုံးနီးပါး စီးတယ်။
ဒီ မီးပုံးပျံပူးပေါင်းက ခြေနင်းပီး စီးရတာ။ ခြေနင်းမှပဲ လည်နေတဲ့အချိန်မှာ မီးပုံးပျံပူပေါင်းက အမြင့်ကို တက်တာပါ။ မနင်းပဲ စီးလို့ ရှိရင် အမြင့်ပေါ်ကို မတက်ဘူး။ အဲဒါက လက်မှတ်တစ်စောင်ကို ၂၀၀ ကျပ်။ ဒီမှာတော့ သားသားအတွက် လက်မှတ်ဝယ်စရာမလိုဘူး။
ပင်လယ်ဓါးပြ လှေစီးဖို့ လေ။ မမ ပဲ စီးတာ။ သားသားက ငယ်သေးလို့ မစီးဘူး။
ပင်လယ်ဓားပြ လှေက တဖြည်းဖြည်းနဲ့ မြင့်ပီး ပုခက်လွှဲသလိုမျိုးမို့ အူယားဖို့ ကောင်းတယ်။ သမီးကတော့ မကြောက်ဘူး။ စီးတာပဲ။
ရိုလာကိုစတာ အသေးလေး စီးဖို့ မမ စောင့်နေတာ။
ဒီ ရိုလာကိုစတာ အသေးလေးက ဟိုဘက်ယိမ်းလိုက် ဒီဘက်ယိမ်းလိုက်နဲ့ရထားသွားတာပါ။ မြန်လည်း မြန်ပါ့။ မမ ကတော့ သဘောကျပေါ့။
ဒီ ချားရဟတ်က လည်ပီး တဖြည်းဖြည်း မြင့်တက်သွားတာ။ သမီးက ခေါင်းမူးမှာစိုးလို့ မစီးဖြစ်ဘူး။
ဒီ ဒုံးကျည်ကျပြန်တော့လည်း တစ်ယောက်ချင်းစီ ထိုင်စီးရတာမို့ သမီးက တစ်ယောက်တည်း မစီးချင်ဘူး ဆိုလို့ မစီးဖြစ်ခဲ့တဲ့ ဂိမ်းတွေ။
ခဏနားပီး ကစားကွင်းထဲမှာ ရှိတဲ့ J Cup - Jelly Milk Shape ၀ယ်သောက်ကျပါတယ်။ တစ်ခွက်ကို ဒီမှာတော့ ၄၀၀ ကျပ်ပါ။ အိမ်နားမှာတော့ ၃၀၀ ကျပ်။ ဒီလိုအချိန်မျိုးဆို သောက်လို့ ကောင်းတယ်။ ဆော့ထားတော့ ဗိုက်ဆာပီလေ။ မောလည်းမောပီ။
Pop corn က တော်တော်ရောင်းရတယ်။ စားလို့လည်း ကောင်းတယ်။ တစ်ဗူးကို 500 ကျပ်။ ကစားကွင်းတိုင်းမှာ အဲလိုဆိုင်လေးမျိုးတွေ ရှိတယ်။
mum တို့ သားအမိတွေက ဒီအတိုင်းပဲ အိမ်ကနေ လာခဲ့ကြတာ ဆိုတော့ အောက်ခင်းထိုင်ဖို့ ပလပ်စတစ်အခင်း မပါဘူးလေ။ ဒါကြောင့် သစ်မြစ်ဆုံလေးပေါ်မှာပဲ ထိုင်စားနေကြတာ။ အမှတ်တရပေါ့။
စားပီးသွားတော့ နောက်ထပ် ချားတစ်မျိုး ထပ်စီးနေတာ။ သူလည်း လက်မှတ်ခ ၃၀၀ ကျပ် ပဲ။ သူက အ၀ိုင်းပုံစံ လည်ပီး တဖြည်းဖြည်းနဲ့ မြင့်တက်သွားတဲ့အခါမှာ ဘေးကိုတောင် နည်းနည်း စောင်းလိုက်သေးတယ်။ သမီးကတော့ မကြောက်ဘူး။
မိုးပျံရထားစီးမယ့် လူတွေပါ။ တော်တော်များပါတယ်။ ၃ခေါက်လောက် မိုးပျံရထား မောင်းတာကို စောင့်ပီးမှ စီးရတာပါ။ ဒီမှာ လာကစားကျတဲ့ လူတော်တော်များများ စီးဖြစ်ကျတာလည်း ပါမှာပါ။ တချို့ကစားတာတွေ ကစားဖြစ်ချင်မှ ကစားဖြစ်ပေမယ့်လို့ မိုးပျံရထားကျတော့ လူတိုင်းစီးတာကို တွေ့တယ်။
မိသားစုလိုက် ထမင်းချိုင့်တွေနဲ့ လာကြတာပါ။ ရန်ကုန်မြို့က အပန်းဖြေတဲ့ နေရာ တော်တော်များများကို ရောက်ဖြစ်ပါတယ်။ ရန်ကုန်မြို့လည်မှာ ရှိတဲ့ တိရစ္ဆာန်ရုံ၊ ဂိမ်းစီးတီး၊ ကရ၀ိတ်ကတော့ ဒီလို ပိတ်ရက်မျိုးဆို လူ များတယ်။ ဒီလ 16 ရက်နေ့က ကရင်နှစ်သစ်ကူးလားပဲ။ ရက်ကို သေချာတော့ မသိဘူး။ အဲလိုနေ့မျိုးဆို တိုင်းရင်းသားကျေးရွာက ကရင်ရိုးရာအိမ်မှာ တော်တော်စည်တယ်လို့ ပြောတယ်။
ရန်ကုန်မြို့က ရိုလာကိုစတာပါ။
ဒီ ဟာစီးတာက စက်ဝိုင်းအလုံးကြီးက ဘောလုံးလိုမျိုး လှိမ့်သွားတာ။ လူက အပေါ်ရောက်လိုက် အောက်ရောက်လိုက်နဲ့ပါ။ ကားဘီးလှိမ့်သွားသလိုမျိုးပဲ။ ခဏလေးပဲ ဆိုတော့လည်း စီးတဲ့လူတိုင်းက မမူးဘူးတဲ့။ အိပ်ကပ်တွေထဲက ပိုက်ဆံတို့ ဘာတို့ ထွက်ကျတတ်တာမို့ စီးတဲ့ အချိန် ဘာမှ မယူသွားတာ အကောင်းဆုံးပါ။
ဒီချားရဟတ်က လူတော့ သိပ်မများဘူး။ သမီးက ဒီ ချားရဟတ်ကိုငယ်ငယ်လေးကတည်းကစီးဖူးနေတာ။ ဒီကစားကွင်းရောက်တိုင်း စီးဖြစ်နေတဲ့ ချားရဟတ်ပါ။ ဂိမ်းစီးတီးမှာ ကစားပီးသွားပီဆိုတော့လည်း တိရစ္ဆာန်ရုံ သွားကြတာပေါ့နော်။