Sunday, September 13, 2009

မုန့်လိပ်ပြာ၊ မုန့်ဟင်းခါး

မုန့်လိပ်ပြာ
မုန့်လိပ်ပြာ

မနေ့ညက ညစာ စောစောစားထားမိလို့ ဗိုက်ဆာလာတာနဲ့ အောက်ဆင်းပီး city mart က မုန့်လိပ်ပြာ သွားဝယ်လိုက်တယ်။ တစ်ခုကို ၈၀ ကျပ် ။ မုန့်ဈေးတန်းဘေးမှာ ဒေ၀ါလီမုန့်တွေ တွေ့တာနဲ့ စာကလေးကြော် နဲ့ အငန်မုန့် ၀ယ်ခဲ့လိုက်တယ်။



မုန့်လိပ်ပြာက အထဲမှာ ကျိတ်ထားတဲ့ ကုလားပဲ နဲ့ သကြား ပါတယ်။ အဲဒီမုန့်ကို အုန်းသီး ဖြူးပီး စားရင်း။ ၂၀၀၁ လောက်က စဉ်းအိုးတန်းလမ်းထိပ်က မနက်စာ မုန့်လိပ်ပြာနဲ့ ၀က်နံရိုးကို သွားသတိရမိတယ်။ မနက်ဖက် ခွေးကျောင်းရင်း လမ်းလျှောက်က ပြန်လာရင် အဲဒီဆိုင်မှာ ၀င်ဝယ်ခဲ့ဖူးတယ်။ အဲဒီဆိုင်က မုန့်လိပ်ပြာက အထဲမှာ ဂေါ်ဖီနဲ့ ဟင်းသီးဟင်းရွှက်တွေပါတယ်။ အဲဒီဆိုင်က မုန့်လိပ်ပြာနဲ့ ၀က်နံရိုးက တော်တော်စားလို့ကောင်းတယ်။ မနက် ၅ နာရီလောက်ဆို အဲဒီ ဆိုင်ဖွင့်ပီ။



Liberty Chana Jor Garam
Liberty Chana Jor Garam

စာကလေးချေးကြော်
စာကလေးချေးကြော်

ဘူးသီးကြော် - မုန့်ဟင်းခါး
ဘူးသီးကြော် - မုန့်ဟင်းခါး

ဒီနေ့မနက် မာမီ မနက်စာ



ပဲကြော် - အိုးဘဲဥ - မုန့်ဟင်းခါး
ပဲကြော် - အိုးဘဲဥ - မုန့်ဟင်းခါး

သားသား မနက်စာ၊ သားသားက ဒီနေ့ မနက် မုန့်ဟင်းခါး တစ်ဝက်နဲ့ ပဲကြော် တစ်ခုလုံး၊ အိုးဘဲဥ အကာ တစ်လုံး စားတယ်။ ပြုတ်ထားနေကျ သူ့အတွက် မနက်စာ ကြက်ဥပြုတ် အကာ မစားလို့ ကျန်နေသေးတယ်။



မုန့်ဟင်းခါး နှင့် ကော်ဖီခါး
မုန့်ဟင်းခါး နှင့် ကော်ဖီခါး

ဟုတ်ကဲ့ ... မစားခင် ဦးဦးဖျားဖျား အင်တာနတ်ကြီး ကို ဦးချလိုက်တာပါ။

0 comments:

Related Posts Plugin for WordPress, Blogger...

Enjoy your visit!

Please don't copy of my blog posts and photos, that is mine without my permission.

Please don't remove blogger's copyright marks/watermarks from the images.

လာလည်တာကို ကြိုဆိုပါတယ်။

( Family Personal Photos ) မိသားစု ကိုယ်ရေးကိုယ်တာ - ဓာတ်ပုံများ နှင့် ဘလော့ပိုစ့်များကို မိတ္ထူကူးယူခြင်း၊ ( ကော်ပီကူးခြင်း )
လုံးဝ မပြုလုပ်ပါနှင့် ....