Tuesday, September 22, 2009

သားသား ဆံပင်ညှပ်တုန်းက


သားသားကို ဆံပင် စညှပ်ခါစ သားသားရဲ့ ပုံစံလေးက


မမ Angel ဓာတ်ပုံရိုက်နေတာကို ကြည့်နေတာ။


ရီပြနေတယ်။ တော်ပါသေးရဲ့။ သားသားက ဆံပင်ညှပ်နေတာကို ငြိမ်နေလို့။


နောက်ဆံပင်လေးကို ညှပ်တော့လည်း ချစ်စဖွယ် ငြိမ်ငြိမ်လေးနေတယ်။


မှန်ပေါ်က ဆံပင်ညှပ်နေတဲ့ သားသားပုံရိပ်လေး

သားသား ဆံပင်ရှည်နေလို့ တိုနီထွန်းထွန်း ဆံပင်ညှပ်ဆိုင်ကို တစ်ခေါက်သွားပီး သားလေးကို ဆံပင်ညှပ်ပေးလိုက်တယ်။ သားလေးက ဆံပင်ညှပ်နေတဲ့ တချိန်လုံး ငြိမ်ငြိမ်လေးပဲ နေပေးတယ်။ မာမီကသာ စိတ်ပူနေခဲ့မိတာပါ။ ဆံပင်ညှပ်ခကတော့ ၂၀၀၀ ကျပ် (2 $) နီးပါးပေါ့။ သမီး ငယ်ငယ်တုန်းကတော့ ဆံပင်ညှပ်ဆိုင် မသွားဖြစ်ခဲ့ဖူး။ သမီးလေးကို ရှေ့ဆံပင် မျက်ခုံးအပေါ် အတိလေး ညှပ်ပေးလိုက် နောက်ဆံပင်ကို တိပေးလိုက်နဲ့ပဲ မာမီကိုယ်တိုင် ညှပ်ပေးပီး။ သမီး ဆံပင်လေးတွေကို ငယ်ထိပ်ပေါ်မှာ ကြက်တောင် စည်း တဲ့အခါ စည်းပေး။ ဘေး ၂ဖက်ခွဲပီး ကြက်တောင်စည်းလေးတွေ စည်းပေးတဲ့ အခါ စည်းပေးပေါ့။ ခေါင်းစည်းကြိုးလေးတွေကလည်း ချစ်စရာလေးတွေလေ။



မနှစ်က သမီးလေးရဲ့ Hair style, capital shopping mall က တူးတူးတို့ ဆိုင်မှာ ညှပ်ထားတာ။ အခုလောလောဆယ်တော့ သမီးလေးကို ဆံပင် အရှည်ထားလိုက်အုံးမယ်။

0 comments:

Related Posts Plugin for WordPress, Blogger...

Enjoy your visit!

Please don't copy of my blog posts and photos, that is mine without my permission.

Please don't remove blogger's copyright marks/watermarks from the images.

လာလည်တာကို ကြိုဆိုပါတယ်။

( Family Personal Photos ) မိသားစု ကိုယ်ရေးကိုယ်တာ - ဓာတ်ပုံများ နှင့် ဘလော့ပိုစ့်များကို မိတ္ထူကူးယူခြင်း၊ ( ကော်ပီကူးခြင်း )
လုံးဝ မပြုလုပ်ပါနှင့် ....