Wednesday, September 16, 2009

နန်းပြားသုပ်

နန်းပြားသုပ်ဟင်းခါးနံပြားပဲပြုတ်အီကြာကွေး



အခုရက်ပိုင်း မအားဘူးပေါ့နော်။ အဲလိုနဲ့ အွန်လိုင်းမှာ ရှိတဲ့ မိသားစု ဘလော့လေးကို ပစ်ထားလိုက်ရမှာ သနားနေတာနဲ့ဘဲ


အစားအစာ ပုံလေးတွေကို တင်လိုက်တော့လေ …. ဘလော့မှာ လာလည် လိုက်ကြတာ။

အဲဒါနဲ့ …

ကိုယ့်ဆီမှာတော့ ဒါပဲ စားစရာ ရှိတော့ ဒါပဲ စားနေတာပေါ့နော်။

ဟဲ .. ဟဲ အစားနဲ့ နှိပ်စက်တယ်လို့ မယူဆလိုက်ပါနဲ့။

ဝိပ်ကတော့ လောလောဆယ် ခင်သန္တာ သက်ချိုပြုံး မဖြစ်သေးပါဘူး။

အမတို့ကတော့ နံပြား နဲ့ မလိုင် ကို အရင်တုန်းကစားတယ်။ အခုတော့ (ဒီက မလိုင်ဖတ်တွေက tissue စက္ကူ နဲ့ နို့နဲ့ ရောကြိုပီး လုပ်ထားတယ်ဆိုလို့ မစားဖြစ်တာ ကြာပေါ့)

အီကြာကွေးနဲ့ ပဲပြုတ် တွဲစားတယ်။ မြိတ်သားစတိုင်လိုမျိုး။

(ရန်ကုန်စတိုင်ကတော့ ပဲ + နံပြားပဲ စားတယ်။)

ပဲပြုတ်နဲ့ အီကြာကွေးကော နံပြားနဲ့ပါ တွဲစားတာဆိုတော့ ဘာစတိုင်လည်း မသိတော့ပါဘူး။

နန်းပြားသုပ်က တစ်ပွဲ ၆၀၀ ကျပ်။ ပဲကြော်နဲ့ဆိုတော့ ၇၀၀ ကျပ် (သာကေတ ရွှေပုဇွန်မှာ မနက် ၇ နာရီ ရောင်းတဲ့ နန်းပြားသုပ်လည်း စားလို့ ကောင်းမှ ကောင်း) :D


ပဲ နံပြားက တစ်ပွဲ ၃၀၀ကျပ်


အီကြာကွေးက တစ်ချောင်း ၁၅၀ကျပ်


မုန့်ဟင်းခါး အလွတ် ၃၀၀ ကျပ် အကြော်နဲ့ဆို ၄၀၀ ကျပ်။ အိုးဘဲဥ ၂၀၀ ကျပ်။


မင်းမော်ကွန်း သီချင်းလို ” စားလို့ကလည်းကောင်း၊ အရသာလေးကလည်း ကောင်း တို့အကြိုက်ဆုံးပဲကွဲ့ ရို့ ရို့ ရို့ ရို့”



ဒီရက်ပိုင်း မိသားစု ဘလော့အသစ် လုပ်နေတယ်။ မအားတဲ့ကြားကပဲ တစ်နေ့ကို အနည်းဆုံး ၂နာရီလောက် အချိန်ယူပီးတော့ ကလိနေတယ်။ http://thetnandarfamily.blogspot.com/


ဘာမှတော့ မရှိသေးဘူး။ wordpress ကို export လုပ်ပီး blogspot မှာ import ဆွဲချတာ။ ကြာလွန်းလို့ အခုထက်ထိ copy ကူးမရသေးလို့။






0 comments:

Related Posts Plugin for WordPress, Blogger...

Enjoy your visit!

Please don't copy of my blog posts and photos, that is mine without my permission.

Please don't remove blogger's copyright marks/watermarks from the images.

လာလည်တာကို ကြိုဆိုပါတယ်။

( Family Personal Photos ) မိသားစု ကိုယ်ရေးကိုယ်တာ - ဓာတ်ပုံများ နှင့် ဘလော့ပိုစ့်များကို မိတ္ထူကူးယူခြင်း၊ ( ကော်ပီကူးခြင်း )
လုံးဝ မပြုလုပ်ပါနှင့် ....