Monday, September 14, 2009

မင်းမော်ကွန်း - အချစ်ကြောင့် ရန်ဖြစ်ကြသူများ

မင်းမော်ကွန်း၊ ကျော်ရဲအောင်၊ ၀ိုင်းစုခိုင်းသိန်း - အချစ်ကြောင့် ရန်ဖြစ်ကြသူများ (ဟာသကား - 2008)

http://www.mmvideos.net/

ဒီရက်ပိုင်း သမီး Angel စာမေးပွဲအတွက် ကိုယ့်ဘာသာကို မေးခွန်းတွေကို လက်နဲ့ ရေးပေးပီး ပြင်ဆင်ပေးထားရတာရယ်။ ကလေး ၂ယောက်စလုံး ရာသီဥတု ပူလို့ ကျန်းမာရေး စိတ်ပူနေရတာရယ်ကြောင့် လူလည်း နှုံးနေပီ။



ဒီလိုအချိန်မျိုးဆို ဟာသကားလေး ကြည့်။ ဟား ဟား ဆိုပီး အားရ ပါးရ ရီလိုက်မှ လူက နေလို့ ထိုင်လို့ ကောင်းသွားတာ။ Angel ကို ကျောင်းပို့ပေးပီးတာနဲ့ .... မနှစ်က လမ်းဘေးကနေ ၀ယ်ထားတဲ့ မြန်မာဗီဒီယို စီဒီချပ်တွေထဲက ဟာသ အခွေတွေ ရှာကြည့်ရင်း ဒီ ရုပ်ရှင်ကို ပြန်ကြည့်တာ တော်တော် သဘောကျသွားတယ်။ မြန်မာဗီဒီယို ဌားတဲ့ ဆိုင်တွေမှာ ခွေအသစ်ဆို ၅ ချပ် ၆ ချပ်လောက်ကို သူတို့က ၀ယ်ပီး ပြန်ဌားစားတာ။ ခွေအသစ်ဆို ဌားဈေးက ဈေးကြီးတော့ ဌားစားတဲ့ လူက ကိုက်တယ်။ ပီးရင် ဆိုင်မှာ တစ်ချပ်လောက်ပဲ ထားပီး ကျန်တဲ့ ပိုနေတဲ့ စီဒီလေးတွေက လမ်းဘေး ရောက်ရော။ အဲလို လမ်းဘေးရောက်လာတဲ့ စီဒီချပ်တွေကို သက်နန္ဒာတို့က တစ်ချပ်ကို ၂၀၀ ကျပ် နဲ့ သွားရွှေးပီး သိမ်းထားတာ။ ခွေက ထစ်ရင်လည်း အဲဒီဆိုင်မှာ သွားပြန်လဲလို့ ရသေးတယ်။ အခုနေတဲ့ တိုက်မှာ အိမ်ရာ - သာယာရေးကော်မတီ(ပုဂ္ဂလိက) ကောင်းမှုကြောင့် မီးအားမြင့်စက်နဲ့ မီးစက် တပ်ပေးထားတော့ မီး၊ ဓာတ်လှေကား၊ အင်တာနက်က ၂၄ နာရီပါပဲ။ အိမ်နဲ့ သမီးကျောင်းပဲ ဘယ်မှလည်း မသွားဖြစ်ဘူး။ သွားချင်တယ်။ ပိုက်ဆံကုန်မှာစိုးလို့ :P


http://www.kosaw.jp/ မြန်မာဗီဒီယိုကား ၀ပ်ဆိုဒ်အသစ်

0 comments:

Related Posts Plugin for WordPress, Blogger...

Enjoy your visit!

Please don't copy of my blog posts and photos, that is mine without my permission.

Please don't remove blogger's copyright marks/watermarks from the images.

လာလည်တာကို ကြိုဆိုပါတယ်။

( Family Personal Photos ) မိသားစု ကိုယ်ရေးကိုယ်တာ - ဓာတ်ပုံများ နှင့် ဘလော့ပိုစ့်များကို မိတ္ထူကူးယူခြင်း၊ ( ကော်ပီကူးခြင်း )
လုံးဝ မပြုလုပ်ပါနှင့် ....