Thursday, December 10, 2009

ပိုက်ဆံအိတ်


Coach ပိုက်ဆံအိတ်လေးပါ။ အမ လတ် လက်ဆောင်ပေးထားတာ။ လက်ဆောင်ပေးထားတာတော့ တော်တော်ကြာပါပီ။ ၇ လပိုင်းတုန်းက လက်ဆောင်ရထားတာ။ အခုမှပဲ ကိုင်ဖြစ်တော့တယ်။ ပိုက်ဆံအိတ်ကို ဇစ်ပါတာပဲ ကိုင်ဖြစ်တယ်။ ကလေး ၂ ယောက်နဲ့ သွားရ လာရတာဆိုတော့ ဇစ်မပါတဲ့ ပိုက်ဆံအိတ်ဆိုရင် အထဲမှာ ထည့်ထားတဲ့ ပစ္စည်းတွေ ထွက်ကျတာတို့ ပျောက်သွားတာတို့ ဖြစ်မှာ စိုးလို့။ မြန်မာမှာက ဟမ်းဖုန်းတို့ ဘာတို့ ပျောက်ပီဆိုရင် ဟမ်းဆက်ဖိုးနဲ့ ကဒ်ဖိုး နဲ့တင်ပဲ ၃ သိန်းလောက်က နေရင်းထိုင်ရင်း ထွက်မှာ အသေချာဆုံးပဲ။ ကောက်ရတဲ့လူက နိုင်ငံခြား ကို ဖုန်းခေါ်ထားရင် သွားပီပဲ။ အဲဒါကြောင့်မို့လို့ ပိုက်ဆံအိတ်ကို အမြဲတမ်း ဇစ်ပါတဲ့ အိတ်ပဲ ကိုင်တယ်။



ဒါက wet tissue


hand wash


hand phone


camera bag


ပိုက်ဆံ နဲ့ city mart & ocean ဈေးဝယ်ကတ်တွေပါ။


ကလေးတွေ အဆာပြေ စားဖို့ မုန့်ထုတ်သေးသေးလေးတွေ

0 comments:

Related Posts Plugin for WordPress, Blogger...

Enjoy your visit!

Please don't copy of my blog posts and photos, that is mine without my permission.

Please don't remove blogger's copyright marks/watermarks from the images.

လာလည်တာကို ကြိုဆိုပါတယ်။

( Family Personal Photos ) မိသားစု ကိုယ်ရေးကိုယ်တာ - ဓာတ်ပုံများ နှင့် ဘလော့ပိုစ့်များကို မိတ္ထူကူးယူခြင်း၊ ( ကော်ပီကူးခြင်း )
လုံးဝ မပြုလုပ်ပါနှင့် ....