Thursday, December 10, 2009

စကော့ဈေး


ဒါက သားသား ခေါင်းပေါင်း မြန်မာဦးထုပ် ၀ယ်တဲ့ ဆိုင်ပါ။ အဲဒီ ဆိုင်မှာ သားသားအရွယ် လည်ကတုံးအကျီ အဖြူ၊ မြန်မာ တိုက်ပုံ နှင့် ပုဆိုးတို့လည်း ရတယ်။


မနေ့က Capital မှာ ဖိနပ်သွားဝယ်တာ လိုချင်တာ မ၀ယ်ခဲ့ရဘူး။ နီးနီးနားနား Super One , Waizayanta Shopping Mall , Zawana Shopping Mall တို့မှာ သွားရှာမလား စိတ်ကူးမိပေမယ့်လို့ နှစ်ခါ မော ဖြစ်နေမှာစိုးတာနဲ့ မြို့ထဲက နှစ်တစ်ရာကျော်ပီဖြစ်တဲ့ စကော့ဈေးမှာပဲ သမီးအတွက် ဖိနပ် လာဝယ်လိုက်ပါတယ်။


ရောက်ရောက်ချင်း စကော့ဈေး အရှေ့ဘက်တန်းက ဖိနပ်ဆိုင်တွေမှာပဲ အဆင်ပြေစွာနဲ့ သမီး လိုချင်တဲ့ ဒီဇိုင်းကို ဆိုဒ်စုံ ရှိလို့ အတော်ပဲ ဖြစ်သွားတယ်။ စကော့ဈေးမှာက ဒိုင်ဆိုင်တွေ များတော့ ဈေးဝယ်ရတာ အဆင်ပြေတယ်။


လမ်းကြုံနေတာနဲ့ဘဲ သားအတွက် မြန်မာ အကျီ ပါ ၀ယ်လိုက်တယ်။ မြန်မာအကျီ ရောင်းတဲ့ ဆိုင်ရှေ့က ကျောက်စိမ်းဆိုင်။








အမတွေကတော့ အဲဒီ ရွှေချည် ငွေချည် ထိုးထားတာကို ဒီအတိုင်း ၀ယ်သွားပီး နိုင်ငံခြား ရောက်တဲ့အခါကျမှ မှန်ဘောင်သွင်းတာ။ မှန်ဘောင်ခက ရွှေချည် ငွေချည်ထက်တောင်မှ ဈေးပိုကြီးနေသေးတယ်။ ကုလားထိုင် ခေါင်းအုံးစွပ်တွေလည်း ရှိတယ်။ အစုံပဲ။

0 comments:

Related Posts Plugin for WordPress, Blogger...

Enjoy your visit!

Please don't copy of my blog posts and photos, that is mine without my permission.

Please don't remove blogger's copyright marks/watermarks from the images.

လာလည်တာကို ကြိုဆိုပါတယ်။

( Family Personal Photos ) မိသားစု ကိုယ်ရေးကိုယ်တာ - ဓာတ်ပုံများ နှင့် ဘလော့ပိုစ့်များကို မိတ္ထူကူးယူခြင်း၊ ( ကော်ပီကူးခြင်း )
လုံးဝ မပြုလုပ်ပါနှင့် ....