December ၄ ရက်နေ့ ... မမ ကို သားသားနဲ့ မာမီ ကျောင်းကြိုပီး အပြန်မှာ ရိုက်ထားသော ဓာတ်ပုံများ ... သားသားက ပါးစပ်ထဲမှာလည်း ပေါင်မုန့်တွေ ပလုပ်ပလောင်းနဲ့လေ။ ဘာလုပ်ရင် ကောင်းမလဲး။ ဌက်ကလေးနဲ့ ဆော့ရင် ကောင်းမလား၊ ဟမ်စတာ Hamster ကို သွားစရင် ကောင်းမလား။ မမ Angel ကို အရုပ်တုပ်နဲ့ လိုက်ရိုက်ရင် ကောင်းမလား စဉ်းစားနေတုံး မာမီက ဓာတ်ပုံရိုက်လိုက်တာပါ။
ဟမ်စတာ Hamster ပဲ သွားစတာ ကောင်းပါတယ်။ လှောင်အိမ်တံခါးကို ဖွင့်လိုက် ပိတ်လိုက်လုပ်နေတာ။
Hamster ကို သားသား ကိုင်ရဲတယ်။ သူ့က သားသားကို မကိုက်ဘူးလေ။
တံခါး ပြန်ပိတ်ပေးနေတာ။
ဝမ်းလျားမောက်ပီး တီဗီကြည့်နေသော ၂ နှစ်သားလေး။
မမ Angel ပေါင်မုန့်စားတာကို ကြည့်ပီး စားချင်လာပီ ။
0 comments:
Post a Comment