Tuesday, December 8, 2009

Yangon zoo

သမင်လေးတွေက ဌက်ပျော်သီးလည်း စားတယ်။


သားသားက သမင်လေးတွေ အစာစားနေပုံကို ကြည့်နေတာ။




ကန်ထဲက ခြေနင်း ဘဲလှေ




မြင်း က တစ်ခါစီး 500 ကျပ်




သမီးကတော့ မြင်း နဲ့ မြင်းပုလေး ကို ၂ ခါစီးတယ်။




မြင်းပုလေး




ဒါက Mum တို့ တိရစ္ဆာန်ရုံထဲမှာ ပတ်စီးတဲ့ ဆိုက်ကားပါ။ နာရီဝက်ကို ဆိုက်ကားခ 3000 ကျပ်။ ဘက်ထရီကားကတော့ နာရီဝက်ကို 4000 ကျပ်။ Mum တို့ အဲဒီ နေ့က စီးတာ ၁ နာရီခွဲကျော်တယ်။





ဖျံလေးတွေပါ။ ငါးကို အားရ ပါးရ စားတတ်လို့ သူတို့ကို အစာကျွေးရတာ ပျော်ဖို့ ကောင်းတယ်။






မျောက်ရွာ



အခုတစ်ခေါက် ၀က်ဝံတွေက အ၀လွန်လို့ဆိုပီး ဌက်ပျော်သီး မကျွေးတော့ပဲ သူတို့က ပေါင်မုန့်ရောင်းလို့ ပေါင်မုန့်ပဲ ကျွေးခဲ့ရပါတယ်။







ရေမြင်းကို ကန်စွန်းရွက် ကျွေးနေတာ။ သမီးလေးက တစ်မျှင်ခြင်းစီ ကျွေးနေလို့ ကန်ထဲက ရေမြင်းက ပါးစပ်ကြီး ဟထားရတာ ကြာနေပီလေ။ သမီးကလည်း သူ့ကျွေးတဲ့ ကန်စွန်းရွက်တွေ ကုန်သွားမှာ စိုးနေတာနဲ့ နည်းနည်းစီကျွေးနေတာ။










သစ်ကုလားအုတ်ကတော့ နေပြည်တော် တိရစ္ဆာန်ရုံမှာ မရှိသေးပါဘူး။ မှာထားတယ်လို့ ပြောတယ်။ ရန်ကုန် တိရစ္ဆာန်ဥယျာဉ်မှာတော့ တစ်ကောင်တည်းပဲ ရှိတယ်။ အခု နေမကောင်းလို့ ဌက်ပျော်သီး မစားဘူးတဲ့။ ပန်းသီးပဲ စားတယ်ဆိုလို့ ၅၀၀ ကျပ်ဖိုး ၀ယ်ပီး ကျွေးတော့ မလာပါဘူး။ အဲဒါနဲ့ ဌက်ကုလားအုတ်ပဲ ကျွေးလာခဲ့ရတယ်။













ဟေး ထပ်ကျွေးအုံးလေ လို့ ဌက်ကုလားအုတ်က ပြောနေတာပါ။

0 comments:

Related Posts Plugin for WordPress, Blogger...

Enjoy your visit!

Please don't copy of my blog posts and photos, that is mine without my permission.

Please don't remove blogger's copyright marks/watermarks from the images.

လာလည်တာကို ကြိုဆိုပါတယ်။

( Family Personal Photos ) မိသားစု ကိုယ်ရေးကိုယ်တာ - ဓာတ်ပုံများ နှင့် ဘလော့ပိုစ့်များကို မိတ္ထူကူးယူခြင်း၊ ( ကော်ပီကူးခြင်း )
လုံးဝ မပြုလုပ်ပါနှင့် ....