Thursday, December 10, 2009

Capital က ကြက်ကြော်ဆိုင်မှာ



၈ရက်နေ့က Capital Hyper Shopping Mall သွားတယ်။ သမီး ကျောင်းက အပြန်မှာ သွားတာမို့ ကြက်ကြော် အရင်စားပီးမှပဲ ဈေးဝယ်ကြတယ်။ ဈေးလာတာကတော့ ကျောင်းကပွဲ အတွက် လေဒီရှုး အဖြူရောင် လာဝယ်တာပါ။ ဒါပေမယ့် သမီး နဲ့ တော်မယ့် ဆိုဒ် မရှိဘူး။ ဆိုဒ်သေးတွေပဲ ရှိတယ်။ Shopping Mall တွေရဲ့ ထုံးစံပါ။ တခါတလေကျရင် အကျီ ဒီဇိုင်းကြိုက်တယ်။ ရွေးစရာ အရောင်စုံ မရှိဘူး။ တခါတလေကျရင် ရွေးစရာ ဆိုဒ်စုံ မရှိဘူး။ ဖြစ်တတ်ပါတယ်။


အခုလိုမျိုး ကျောင်းကပွဲအတွက် လေဒီရှုး ဖြစ်ရမယ်။ အဖြူရောင်ဖြစ်ရမယ်ဆိုတဲ့ အခါကျတော့ အတိအကျကြီး ဖြစ်နေတယ်။ Shopping Mall မှာ ရှိတဲ့ အဆင်ပြေမယ့်ဟာကို ရွှေးဝယ်လို့ မရတော့ပြန်ပါဘူး။ ဒါတောင် Shopping Mall မှာ ဖိနပ်တွေ အများကြီး ရှိတာ။


ဒါကတော့ ကြက်ကြော်ဆိုင်က kid area ပါ။ သမီးလေးက မကစားခင် အစားကို အရင်စားနေတာ။ သားသားကတော့ မရဘူး။ ကစားပီးမှပဲ စားတယ်။







လျှောကို တက်လိုက် ဆင်းလိုက် နဲ့ ဆော့နေသော ဟဲဗန်






ဟေး ... လာပီနော်။






mum အတွက်က ice coffee နဲ့ သားနှင့် သမီးအတွက်က cocacola




ဒီ ကြက်ရင်ဘုံ နှစ်တုံး ဆိုရင် သားအမိ ၃ ယောက် အတွက် အတော်ပဲ။




သူငယ်ချင်း အသစ်က ၃ နှစ်။




မမကို နည်းနည်း တိုက်နော်။




သမီးက သူ့ အအေး ကုန်သွားလို့ သားသား နဲ့ share သောက်နေကြတာ။




မိုင်ဆန်က သဘောကောင်းမှ ကောင်း။






ဈေးဝယ်ပီး အပြန် capital မှာ ရှိတဲ့ Fuji House မှာ ညစာအတွက် ၀ယ်နေကြတာ။




Fuji House က ရောင်းတဲ့ ကော်ဖီဖျော်စက်















အောက်တိုဘာလမှာ Capital မှာ ဈေးဝယ်နေတဲ့ ဓာတ်ပုံများ

0 comments:

Related Posts Plugin for WordPress, Blogger...

Enjoy your visit!

Please don't copy of my blog posts and photos, that is mine without my permission.

Please don't remove blogger's copyright marks/watermarks from the images.

လာလည်တာကို ကြိုဆိုပါတယ်။

( Family Personal Photos ) မိသားစု ကိုယ်ရေးကိုယ်တာ - ဓာတ်ပုံများ နှင့် ဘလော့ပိုစ့်များကို မိတ္ထူကူးယူခြင်း၊ ( ကော်ပီကူးခြင်း )
လုံးဝ မပြုလုပ်ပါနှင့် ....