Tuesday, December 8, 2009

ဝက်ဝံ၊ သိန်းဌက်၊ မြွေ နဲ့ ဓာတ်ပုံရိုက်


တိရစ္ဆာန်ရုံက ကျားပေါက်လေးတွေနဲ့ ဓာတ်ပုံရိုက်မယ်ဆိုပီး လာခဲ့တာပါ။ တိရစ္ဆာန်ရုံရောက်တော့ ကျားပေါက်လေးတွေက ဒီအရွှယ်ရောက်နေပါပီ။ ဒီ အရွယ် ကျားပေါက်နဲ့သာ ဓာတ်ပုံ တွဲရိုက်ရရင်တော့ ....

ကျားပေါက်လေးတွေက ၃ ကောင်ရှိပါတယ်။


ဒါက ကျားစာကျွေးနေတာပါ။ ဓာတ်ပုံတော့ ရိုက်လာပါတယ်။ အမှတ်တရပေါ့။ လှောင်အိမ်ထဲက ကျားပေါက်။


အမဲသားကို အားရ ပါးရ စားနေသော ကျား။ တော်တော်သဘောကောင်းပုံရတယ်။ အစာကျွေးဖို့ကို သူ့က လူကို ပြန်ကြောက်နေသေးတယ်။ တော်တော်ခေါ်ယူရတယ်။


မိုးတွင်းတုံးက ဒီကျားပေါက်လေးနဲ့ ဓာတ်ပုံတွဲရိုက်ထားတဲ့ သူတွေ ရှိပါတယ်။ ကျားပေါက်ကို ဒီလောက် မြန်မြန်ကြီးလာလိမ့်မယ် မထင်လို့ မိုးတွင်းတုံးက တိရစ္ဆာန်ရုံကို မလာခဲ့မိတာပါ။




ဝက်ဝံပေါက်စလေးတွေနဲ့ ဓာတ်ပုံတွဲရိုက်ဖို့ ပြင်ဆင်နေတာပါ။ တစ်ပုံကို ၂၀၀ ကျပ်ပေးရပါတယ်။

သားသားက အဲဒီ အကောင်အမဲလေးတွေကို တော်တော်စိတ်ဝင်စားနေတယ်။


ဓာတ်ပုံရိုက်ပေးတဲ့လူကလည်း တော်တော်ကို တော်တာပါ။ ဘေးကလူတွေပါ ပါအောင် အမှတ်တရ ရိုက်ပေးပါတယ်။


ဝက်ဝံလေးတွေကို မတ်တပ်ရပ်ခိုင်းနေတာပါ။ သူတို့တွေက ထိုင်ဆို ထိုင်တယ်။ လူစကားနားလည်တယ်။ ရပ်ဆိုတော့လည်း ရပ်ကြတယ်။ အမျိုးသမီး လက်ကိုင်ထားတဲ့ အကောင်လေးကတော့ သူ့ကို ကိုင်ထားမှ ပဲ မတ်တပ်ရပ်တယ်။ ချစ်စရာလေးတွေ။


ဟုတ်ကဲ့ ဘေးက ပရိသတ်ပါ အပါ။ အမှတ်တရလေးပေါ့။


သိန်းဌက်မိသားစု နဲ့ အမှတ်တရ။ ဌက်နဲ့ ဓာတ်ပုံ တွဲရိုက်ခ တစ်ပုံကို ၂၀၀ ကျပ်ပါ။






မြွေနဲ့ ဓာတ်ပုံရိုက်ခလည်း တစ်ပုံကို ၂၀၀ ကျပ်ပါ။

0 comments:

Related Posts Plugin for WordPress, Blogger...

Enjoy your visit!

Please don't copy of my blog posts and photos, that is mine without my permission.

Please don't remove blogger's copyright marks/watermarks from the images.

လာလည်တာကို ကြိုဆိုပါတယ်။

( Family Personal Photos ) မိသားစု ကိုယ်ရေးကိုယ်တာ - ဓာတ်ပုံများ နှင့် ဘလော့ပိုစ့်များကို မိတ္ထူကူးယူခြင်း၊ ( ကော်ပီကူးခြင်း )
လုံးဝ မပြုလုပ်ပါနှင့် ....