Monday, November 2, 2009

15 Months - Baby Speak telephone

The way that my son (15 Months) trying to reach phone



http://video.google.com/videoplay?docid=-7927456996475220779#

Hello ... Hello , ဟုတ်ကဲ့ပါ။ ကြားတယ်။ စားမယ်။ သွားမယ်။ ဆော့မယ်။ okay, bye



Video : http://video.google.com/videoplay?docid=-4249803423640238027#

နံရံမှာ ချိတ်ထားတဲ့ တယ်လီဖုန်းကို ပြောဖို့ ကြိုးစားနေပုံ။ တယ်လီဖုန်း ပျက်မှာစိုးလို့ နံရံမှာ ချိတ်ထားတာကို မရ ရအောင် ဖုန်းခွက်ကို ရအောင် ယူပီး စကားပြောနေတာ။ မာမီက ဒယ်ဒီနဲ့ အင်တာနက် VZO web cam ကနေတဆင့် စကားပြောနေတာ။ အနောက်မှာ သားသားက တယ်လီဖုန်း ကြိုးကို လှုပ်ချပီး စကားပြောနေတာ။ ဒယ်ဒီတောင် အွန်လိုင်းကနေတဆင့် တိုက်ရိုက်ကြီး တွေ့လိုက်သေး။ အင်တာနက် web cam နဲ့ နံရံမှာ ချိတ်ထားတဲ့ တယ်လီဖုန်းနဲ့က မျက်နှာချင်းဆိုင်မို့လို့လေ။
မာမီလည်း ချက်ချင်း တယ်လီဖုန်းကို သားသားဆီက ပြန်ယူ သူ့ နေရာပြန်ထား။ ကင်မရာကို ယူပီး ချက်ချင်း အမှတ်တရ မှတ်တမ်းတင်လိုက်တာ။
သားသားနဲ့ သမီးလေးကိုတော့ မာမီ အတတ်နိုင်ဆုံး မဆူဘူး။ မရိုက်ဘူး။ နှုတ်ကနေ တဆင့်ပဲ ဆုံးမတယ်။ မလုပ်စေချင်တဲ့အရာတွေကို စကတည်းကကို ရှောင်ထားလိုက်တယ်။ ဥပမာ သားသား အိမ်ဖွတာ မကြိုက်ဘူး။ စာအုပ်တွေ စီဒီချပ်တွေ ဖွတာ မကြိုက်ဘူးဆို အဲဒီပစ္စည်းတွေကို အခန်း သပ်သပ်ထားပီး သိမ်းထားလိုက်တယ်။ ကလေးတွေ သွားလို့ရတဲ့ နေရာတွေပဲ အတတ်နိုင်ဆုံးသွားတယ်။ တချို့ နေရာတွေက လူကြီးတွေနဲ့ဆိုတော့ ကလေးတွေကို တဟန့် ဟန့်နဲ့ ဟန့်နေရတာ ကိုယ့်ဘာသာ ကိုယ် စိတ်ဆင်းရဲလို့လေ။ ကလေးလည်း စိတ်ပင်ပန်း။ သူ လုပ်ချင်တာကို လုပ်လို့မရ။ မာမီလည်း စိတ်ညစ်ခဲ့ဖူးတော့ နောက်ဆို သွားကို မသွားတော့တာ။ စကတည်းကကို သားသားနဲ့ သမီးလေးတို့ မလုပ်စေချင်တဲ့အရာတွေကို မာမီက ရှောင်ထားလိုက်တာပါ။ ချစ်လွန်းတော့လည်း မဆူရက်ဘူးကွယ်။

0 comments:

Related Posts Plugin for WordPress, Blogger...

Enjoy your visit!

Please don't copy of my blog posts and photos, that is mine without my permission.

Please don't remove blogger's copyright marks/watermarks from the images.

လာလည်တာကို ကြိုဆိုပါတယ်။

( Family Personal Photos ) မိသားစု ကိုယ်ရေးကိုယ်တာ - ဓာတ်ပုံများ နှင့် ဘလော့ပိုစ့်များကို မိတ္ထူကူးယူခြင်း၊ ( ကော်ပီကူးခြင်း )
လုံးဝ မပြုလုပ်ပါနှင့် ....