Monday, November 9, 2009

သရက်သီးစိမ်း သနပ်



သရက်သီးစိမ်း သနပ်




မုန့်လုံးကြီး အုန်းနို့ဆမ်း

မနက်ကျရင် ပဲပြုတ် ထမင်းကြော်နဲ့ တွဲစားဖို့ ငါးရံခြောက်ဖုတ် ဆီဆမ်း ထားတာ ကုန်နေတာနဲ့ city mart မှာ သရက်သီးစိမ်း သနပ် သွားဝယ်လာလိုက်တယ်။ 130 g ကို 455 ကျပ်၊ အနည်းဆုံး ၁၀၀ ဂရမ် လောက် ၀ယ်ရတာ။ မနက်စာ ပဲပြုတ် ထမင်းကြော်ကို ကြက်ဥဟက်ဘွိုင်းနဲ့ ဖြစ်ဖြစ်၊ ငါးရံခြောက် နဲ့ ဖြစ်ဖြစ်၊ ဆိတ်သားခြောက်၊ အမဲသားကြော် နဲ့ ဖြစ်ဖြစ် စားနေကြ။ အခုက အားလုံး စားလို့ ကုန်သွားပီ။ ဒါကြောင့် မို့လို့ သရက်သီးစိမ်း သနပ်ကို သွားဝယ်လာလိုက်တာ။ သရက်သီး သနပ် ထက် ပိုပီးတော့ စားလို့ ကောင်းတယ်။ သရက်သီးစိမ်းလေးတွေက ကျွတ်ကျွတ်လေးတွေ။

မုန့်လုံးကြီး အုန်းနို့ဆမ်းက တစ်လုံးကို ၁၅၀ ကျပ်၊ ၂ လုံးကို ၃၀၀ ကျပ်။ တစ်ခါတစ်လေကျရင် ကြော်စားလိုက်တယ်။ မုန့်လုံးကြီးကျော် ဖြစ်သွားရော၊ ကြော်လိုက်ရင် အထဲက အုန်းသီးတွေက ပိုချိုပီး ဘေးသားတွေက ကျွတ်သွားတော့ ကာဖီခါး နဲ့ အလိုက်ပါပဲ။ ရေနွေးကြမ်းနဲ့လည်း လိုက်တယ်။

0 comments:

Related Posts Plugin for WordPress, Blogger...

Enjoy your visit!

Please don't copy of my blog posts and photos, that is mine without my permission.

Please don't remove blogger's copyright marks/watermarks from the images.

လာလည်တာကို ကြိုဆိုပါတယ်။

( Family Personal Photos ) မိသားစု ကိုယ်ရေးကိုယ်တာ - ဓာတ်ပုံများ နှင့် ဘလော့ပိုစ့်များကို မိတ္ထူကူးယူခြင်း၊ ( ကော်ပီကူးခြင်း )
လုံးဝ မပြုလုပ်ပါနှင့် ....