Wednesday, November 11, 2009

ပုဇွန်ဆီပြန်ဟင်း


ခရမ်းချဉ်သီး အနှစ်နိုင်နိုင်လေးနဲ့ ချက်ထားတဲ့ ပုဇွန် ဆီပြန်ဟင်း။ သမီးလေး နဲ့ သားလေးကတော့ ပုဇွန်ကို ဆီပြန်ပဲ ချက်ချက်၊ ဟော့ပေါ့ထဲပဲ ထည့်ချက်ထား ချက်ထား ကြိုက်တာပါပဲ၊ ပုဇွန်ကင်ဆိုလည်း ကြိုက်ကြတယ်။

ဆီပြန်ဟင်း ချက်တိုင်း ငရုတ်သီးစိမ်း ထည့်ဖြစ်တယ်။ အဲဒီ ငရုတ်သီးတောင့်တွေက ဟင်းတွေကို မစပ်သွားစေဘူး။ ထမင်းစားတဲ့အခါ ဟင်းအနှစ်နဲ့ နယ်စားရင်းနဲ့ အဲဒီ ငရုတ်သီးတောင့် နူးနူးလေးတွေနဲ့ပါ ရောနယ်စားတဲ့အခါ ထမင်းစားလို့ ပိုပီး မြိန်တယ်။



အချိန်က အရမ်းပဲ တန်ဖိုးရှိပါတယ်။
ကိုယ့် ကိုယ်တိုင်လည်း မအားပါဘူး။
ကလေး နှစ်ယောက်နဲ့ အိမ်အလုပ်တွေနဲ့ အမြဲတမ်း အလုပ်တွေရှုပ်နေတဲ့ အိမ်ရှင်မ တစ်ယောက်ပါ။
အင်တာနက်မှာ အများကြီးပဲ ကြည့်စရာ၊ လေ့လာစရာတွေရှိပါတယ်။
ဒီဘလော့က ကိုယ့်အတွက် မှတ်ထားချင်တဲ့ နေရာတစ်ခုလို့ပဲ ကိုယ့် ကိုယ်တိုင် သတ်မှတ်ထားတယ်။
အစားအသောက်ဘလော့ဆို လူကြည့်များတယ်ဆိုတာကို နားလည် သဘောပေါက်လာတော့ မိသားစု ဘလော့ကနေ ခွဲထုတ်လိုက်တာပါ။
ဘလော့နဲ့ ပတ်သက်လာရင် တစ်နေ့ကို အများဆုံး ၂ နာရီပဲ အချိန်ပေးပါတယ်။
ကျန်တဲ့ အချိန်တွေက အင်တာနက်ကနေ လေ့လာစရာတွေ အများကြီးပါပဲ။

ဒီဘလော့မှာ ပိုစ်တင်လို့ ရသလောက် မှတ်ထားကြည့်ပါမယ်။

Professional Blog မဟုတ်တဲ့အတွက် ဓာတ်ပုံများများ နဲ့ စာနည်းနည်းပဲ မှတ်ထားနိုင်ပါတယ်။ အဲဒီထက်ပိုပီးတော့လည်း ကိုယ် ကြိုးစားဖို့ အခြေအနေ မပေးပါဘူး။

ကိုယ့်ကိုယ်တိုင်လည်း inte'l blog နဲ့ မြန်မာဘလော့ တွေ ဖတ်တဲ့အခါ ဓာတ်ပုံတွေလောက်ပဲ အများဆုံး ကြည့်ဖြစ်တယ်။ စာကို အကြမ်းမျဉ်းလောက်ပဲ ဖတ်ဖြစ်တယ်။

ဒီဘလော့မှာ ဧည့်သည်များတာ သိပ်မပူပါဘူး။
မိသားစု ဘလော့မှာ ဧည့်သည်များတာကိုတော့ စိတ်ပူပါတယ်။

အင်တာနတ်ကြီးကို အမြဲတမ်း ကျေးဇူးတင်သွားချင်နေမိသလို ...
ဘလော့ဆိုတာကြီးကိုလည်း ဘယ်တော့မှ စိတ်မနာသွားချင်တဲ့ အတွက်ကြောင့်မို့လို့ ဒီလို စီစဉ်လိုက်တာပါ။

0 comments:

Related Posts Plugin for WordPress, Blogger...

Enjoy your visit!

Please don't copy of my blog posts and photos, that is mine without my permission.

Please don't remove blogger's copyright marks/watermarks from the images.

လာလည်တာကို ကြိုဆိုပါတယ်။

( Family Personal Photos ) မိသားစု ကိုယ်ရေးကိုယ်တာ - ဓာတ်ပုံများ နှင့် ဘလော့ပိုစ့်များကို မိတ္ထူကူးယူခြင်း၊ ( ကော်ပီကူးခြင်း )
လုံးဝ မပြုလုပ်ပါနှင့် ....