ချစ်တဲ့ ဒယ်ဒီ ပိုက်ဆံနဲ့ မာမီ ၀ယ်ပေးသော အရုပ် 11400 ကျပ် ပေးရပါတယ်။
ဒီဗီဒီယိုတွေကျတော့ ဂိတ်ကိုဖြတ်ရင် ရထားလမ်းက မီးလင်းတယ်။ တီးလုံးထွက်တယ်။ သားသားကြိုက်တဲ့ အရုပ်။ မာမီ ပြောလေ့ပြောထရှိတဲ့စကားတစ်ခွန်းက သားသားနဲ့ မမ ကို ပျော်ရွှင်အောင် လုပ်ပေးတဲ့ အရုပ်တွေ၊ မုန့်တွေကို မာမီအရမ်းကျေးဇူးတင်တာပါပဲလို့ ခဏ ခဏပြောတတ်တယ် ဒယ်ဒီ။
သားတို့ ငိုလို့ရှိရင် သားတို့ ကြိုက်တဲ့ အရုပ်လေးတွေနဲ့ ချော့တဲ့အခါချော့၊ မုန့်တွေပြပီး ချော့တဲ့အခါ ချော့ပေါ့။ သားသားဆိုရင် ဘယ်လောက်ငိုငို ကိုကာကိုလာဗူးမြင်တာနဲ့ချက်ချင်း ရီပီး ပျော်လွန်းလို့ မာမီက ကိုကာကိုလာကို အချော့တော်လို့ ခေါ်တယ်။
သားသားနဲ့ မမ ကအငိုနည်းသော ကလေးများတဲ့ မာမီက ပြောတာ။ နောက်ပိုင်း မာမီ ၀ယ်ပေးတဲ့အရုပ်တွေက စိတ်ကူးဥာဏ်ကွန့်နိုင်သော အရုပ်များပဲ ၀ယ်ပေးတော့တယ်။ Play & Learning လုပ်နိုင်တဲ့ အရုပ်မျိုး။

0 comments:
Post a Comment