Thursday, November 26, 2009

ငါးခြောက် သနပ်


ငါးခြောက် သနပ်၊


သနပ်စုံ၊


သရက်သီးစိမ်း သနပ်၊


မနက်စာ ပဲပြုတ်ထမင်းကြော် နဲ့ တွဲစားသော ဟင်းအရံများ၊


ဒီနေ့မနက်စာ ပဲပြုတ် ထမင်းကြော်နဲ့အတူ ငါးခြောက် သနပ် ပါ။ သရက်သီးစိမ်း သနပ်လည်း စားလို့ ကောင်းသလို၊ ဘဲဥ ငါးခြောက်ရိုး ချဉ်ရည်ဟင်း၊ ငါးခြောက်ရိုးနဲ့ သီးစုံ ပဲကုလားဟင်း ရောချက်ထားတာကို ကြိုက်တဲ့လူ ဆိုရင် ငါးခြောက်သနပ်ကို ကြိုက်မှာ အမှန်ပဲ။

သနပ်စုံ က 124 g ကို 446 ကျပ်
သရက်သီးစိမ်းသနပ် 120 g ကို 420 ကျပ်
ငါးခြောက် သနပ် 136 g ကို ၁၁၉၇ ကျပ်





မန္တလေး သီးစုံ ထိုးမုန့်က စီးတီးမတ်က ၀ယ်တာ။ သီဟိုစေ့ နဲ့ စပျစ်သီးခြောက်ကို သပ်သပ် အထုပ်သေးသေးလေးနဲ့ ထုပ်ထားပေးတယ်။ စားလို့ကောင်းပါတယ်။ ဒါပေမယ့် သိပ်မကြိုက်ဘူး။ ထိုးမုန့်လို ချိုတဲ့ အချိုမျိုး သိပ်မကြိုက်ဘူး။ ချဉ်တာ၊ စပ်တာ၊ ကော်ဖီခါးပဲ ကြိုက်တယ်။ အဖေက မိတ္ထီလာသားဆိုတော့ မန္တလေးက ထိုးမုန့် ကြိုက်တယ်လေ။ ကိုယ်တို့လည်း အညာမုန့်တွေ တော်တော်များများ ကြိုက်တတ်ပါတယ်။

0 comments:

Related Posts Plugin for WordPress, Blogger...

Enjoy your visit!

Please don't copy of my blog posts and photos, that is mine without my permission.

Please don't remove blogger's copyright marks/watermarks from the images.

လာလည်တာကို ကြိုဆိုပါတယ်။

( Family Personal Photos ) မိသားစု ကိုယ်ရေးကိုယ်တာ - ဓာတ်ပုံများ နှင့် ဘလော့ပိုစ့်များကို မိတ္ထူကူးယူခြင်း၊ ( ကော်ပီကူးခြင်း )
လုံးဝ မပြုလုပ်ပါနှင့် ....