Monday, November 16, 2009

အာလာဒင် ကစားကွင်း



မြို့ထဲကို ဆင်းတိုင်း ရွှေဂုံတိုင် SSC ဆေးရုံရှေ့က ဖြတ်နေကျ။ သီတင်းကျွတ်လပြည့်နေ့ကတည်းက စဖွင့်တဲ့ အာလာဒင် ကစားကွင်းကို ဖြတ်သွားတိုင်း ကစားကွင်းအသစ်မို့ တွေ့နေပေမယ့်လို့ ကလေး ၂ယောက်ကို လိုက်မပို့ဖြစ်သေးဘူး။ မာမီ မအားတာလည်း ပါတယ်။ သွားစရာလည်း ရှိနေတော့ အဲဒီဘက်ကို မရောက်ဖြစ်ဘူး။



ဒီစက်က လက်ညိုး ထိုးပီး ဆော့တဲ့ ဂိမ်းစက်။ သမီးကတော့ တော်တော် သဘောကျ။ တစ်ခါဆော့ရင် ကွိုင် ၂စေ့။ ၁ကွိုင်ကို ၁၀၀ ကျပ်။



ဒီဟာစီးတာက ကွိုင် ၂ စေ့။ ၂၀၀ ကျပ်



ဒီ ဗုံတီးတာက လည်း ၂စေ့ပဲ။ သမီး နဲ့ သားနဲ့ ကြိုက်တဲ့ ဂိမ်း။ circle အစွန်း နားရောက်လာရင် ချိန်တီးရတာ ဆိုတော့ ဆော့တဲ့အခါ အမြဲတမ်းနိုင်တယ်။



သေနတ်ပစ်တဲ့ နေရာကို လက်နဲ့ ဖိထား ။ အဲဒီအခါ အ၀ိုင်းလေးပေါ်လာရော။ ရန်သူကို ချိန် ပီးရင် နောက်တကြိမ် သေနတ်ပစ်လိုက်တာ။ ချိန်ရတာလည်း တော်တော် အဆင်ပြေလို့ သမီးကြိုက်တဲ့ ဂိမ်း။ တစ်ခါဆော့ ၂ကွိုင်တွေချည်းပဲ။



သားသားကတော့ ကားမောင်းတာကို ပိုကြိုက်တယ်။ ခြေနင်း လီဗာကိုတော့ မာမီ နင်းပေးတဲ့ အခါ နင်း။ ၀န်ထမ်း နင်းတဲ့ အခါ နင်းပေးထားပေါ့။ စတီယာရင် ကိုတော့ သားသားထိန်းတယ်။



ကတဲ့ ဂိမ်းကတော့ သားသား အကြိုက်ပေါ့။



ဒီ Jet ကတော့ သားသား အကြိုက်။ အပြင်မှာ မောင်းတဲ့ပုံစံမျိုး ဂိမ်းက။ ဂျက်မောင်းရင် လှုပ်နေသလိုမျိုး။ ဟိုဘက်ယိမ်းလိုက်၊ ဒီဘက်ယိမ်းလိုက်နဲ့လေ။





ဒါက လက်ညိုးထိုး ဆော့တဲ့ ဂိမ်း။ screen ပေါ်မှာ လက်တို့ပီး ဆော့တာ။
တချို့ ဂိမ်းတွေကျရင် ခလုတ်နဲ့ ထိန်းပီး ဆော့တာ



ဒီနေ့ သားသား ကစားများတာက ကားမောင်းတာပဲ။



snow ball လေးတွေကို လက်နဲ့ လိုက်တို့ပီး ဆော့နေတာ။



ဘက်စကက်ဘော။ ဘောလုံးကလေးတော့ လေးတယ်။





ကစားကွင်းက စားသောက်ဆိုင်။ကစားကွင်းအပြင်။ ကားရပ်နားတဲ့ဘက်ခြမ်းမှာ။ ကစားကွင်း ၀င်ကြေးက လူကြီးပဲ ပေးရတယ်။ ၂၀၀ကျပ်

0 comments:

Related Posts Plugin for WordPress, Blogger...

Enjoy your visit!

Please don't copy of my blog posts and photos, that is mine without my permission.

Please don't remove blogger's copyright marks/watermarks from the images.

လာလည်တာကို ကြိုဆိုပါတယ်။

( Family Personal Photos ) မိသားစု ကိုယ်ရေးကိုယ်တာ - ဓာတ်ပုံများ နှင့် ဘလော့ပိုစ့်များကို မိတ္ထူကူးယူခြင်း၊ ( ကော်ပီကူးခြင်း )
လုံးဝ မပြုလုပ်ပါနှင့် ....