Monday, November 2, 2009

Pun Hlaing International Hospital









1 Day of Heaven, First picture

November - 23 နေ့ ... သားလေးက သောကြာသား အစစ်ကြီးပေါ့ ။ ၇ပေါင် ၁ အောင်စ။ မမ Angel မွေးတုန်းကတော့ 7 ပေါင်။ ဒီဓာတ်ပုံက သားလေး မွေးပီး ၁ရက်သားကလေး။ ၂၃ ရက်က မာမီက ဗိုက်ခွဲထားတာ ဆိုတော့ မထိုင်နိုင်သေးဘူးလေ။ ဟမ်းဖုန်းလည်း ပိတ်၊ အင်တာနက်လည်း ပိတ်ထား ဆိုတော့ ဒယ်ဒီက စိတ်ပူနေတာပေါ့နော်။ ၂၄ ရက်ကျမှပဲ မာမီက သားလေးကို ဓာတ်ပုံ ရိုက်ပီး ဒယ်ဒီ နဲ့ ဆွေမျိုး သူငယ်ချင်းတွေဆီကို အီးမေလ်းပို့လိုက်တာ။

ပါးစပ် မပိတ်နိုင်လောက်အောင် ပြုံးပီးပျော်နေရတဲ့ နိုဝင်ဘာ ၂၃၊ ၂၀၀၇ ရက်စွဲပါ …



Single VIP Room

Room Type Charges (Myanmar Price)

Double Room : 28,000

Single Room : 65,000

Single ViP Room : 75,000/Day <== (Mommy's choice this room) Suite Room : 165,000 Included in room rate
  • * Room Charges
  • * 3 meals & 2 snacks
  • * Basic Nursing Care
  • * Resident Doctor Care



Toilet Room include in the bath chair

ရေချိုးခန်းမှာလည်း အရေးပေါ် ခေါ်လို့ရတဲ့ ဘဲလ် ရှိတယ်။ သားလေး မွေးပီး ၃ ရက်မြောက်နေ့က မာမီ ရေချိုးခန်းဝင်နေတုန်း သားသား ငိုလို့ Nurse ကို ခေါ်ဖို့ နှိပ်လိုက်သေးတယ်လေ။ သားသားက ချိုချိုတိုက်တဲ့ အချိန်ပဲ အခန်းမှာ ရှိတာပေါ့။ ကျန်တဲ့ အချိန်တွေက Nursery room မှာပဲ။ သားသား ၄ ရက်သားလောက်ကျတော့ မာမီ အခန်းမှာပဲ ထားလိုက်တယ်။ အခန်းထဲမှာက သူစိမ်း ဧည့်သည်လည်း မရှိတော့ မွေးကာစ ကလေးအတွက် စိတ်ချရလို့ ခေါ်ထားလိုက်တာလည်း ပါသလို။ မာမီလည်း သားသားကို မျက်စိအောက်မှာ ခေါ်ထားချင်တာလည်း ပါတယ်။







Heaven ( November - 23, 07 )



သားသားကို (Neonatal) မွေးကင်းစကလေးများ အခန်းမှာ ထားတာပေါ့နော်။ သားသားကော မာမီကော လက်မှာ ဆေးရုံက လက်ပတ်လေးတွေနဲ့လေ။ HRN No. ရေးထားတယ်။ ဒီ လှည်းလေးကတော့ သားသား အိပ်တဲ့ ကုတင်။ အောက်ထပ် အဆင့်မှာ Diper, sprit, wet tissue ၊အနှီးပိတ် ၊ ကလေး အကျီပါတယ်။ မာမီတို့ ကိုယ်တိုင် သားသားကို ကိုင်မယ်။ ချီမယ်ဆိုရင်တောင် အဲဒီ အရက်ပျံ ဗူးလေးနဲ့ လက်ကို စွပ်ပီးမှ သားသားကို ကိုင်တာလေ။ ဒါကြောင့်လည်း ဆေးရုံမှာ ၄ ရက်အိပ်။ ၅ ရက်နေပီး ပြန်လာနိုင်တာပေါ့။ (ဒီနှစ် ၂၀၀၉ ကျတော့ မွေးကာစ ကလေးတွေကို ပြုစု စောင့်ရှောက်တဲ့ လူတိုင်း Mask တွေ ပါ ၀တ်ထားနေရပီ။) အဲဒါ မှန်ပါတယ်။ မွေးကာစ ကလေးအတွက် စဉ်းစားပေးမယ်ဆိုရင် လူကြီးဆီက လေကနေတဆင့် ရောဂါပိုးမွှားတွေ ကပ်ပါလာနိုင်တယ်လေ။ မွေးကာစ ကလေးကို နမ်းတောင် မှ မနမ်းရပါဘူး။ အဖြူရောင် အရည်ကြည်ဖုလေးတွေ ထွက်လာတတ်တယ်။ Dr. ရဲမြင့်ကျော် စာအုပ်မှာ ရေးထားတယ်။ မာမီလည်း သား နဲ့ သမီးကို ကိုယ်ဝန်ဆောင်ကတည်းက ဆယ်ကျော်သက် အရွှယ် နောက်ပိုင်းအထိ ကလေးပြုစု စောင့်ရှောက်နည်း စာအုပ်တွေ ဖတ်ဖြစ်နေမှာ အမှန်ပါ။ အခုလောလောဆယ်တော့ တခု ခု မေးချင်လာ၊ သိချင်လာရင် yahoo answer မှာ သွားမေး ၊ ဖတ်တတ်နေပီလေ။



Angel (Extra bed)



ထမင်းကတော့ မစားခင် ၅ နာရီလောက်ခြား။ စားသောက်ဆိုင်က လာမေးတယ်။ ဘာစားချင်တယ်ဆိုတာ ပြောလိုက်ရုံပဲ။ အစားအသောက်လည်း ကောင်းတယ်။ မာမီနဲ့ သားသားကတော့ ဆေးရုံက ကျွေးတာပေါ့နော်။ မမ Angel နဲ့ အိမ်အကူကတော့ ထပ်မှာစားရတာပေါ့။ အပြင် စားသောက်ဆိုင်က ဈေးနဲ့ တူတူပဲ။ ဒီမှာက စားလို့တောင် ပိုကောင်းသေးတယ်။ အဲဒီ စားသောက်ဆိုင် ရှေ့မှာလည်း အင်တာနက် သုံးလို့ရသေးတယ်။ စားသောက်ဆိုင်ကတော့ တော်တော် သားနားတယ်။ မာမီကတော့ အောက်ထပ် မဆင်းဖြစ်ဘူး။ အင်တာနက်ကတော့ အခန်းထဲမှာပဲ တယ်လီဖုန်းလိုင်းနဲ့ ချိတ်ပီး သုံးတယ်။ တစ်မိနစ်ကို ဖုန်းခ = 150 ပေးရတယ်။ Dial up connection နဲ့ပဲ internet သုံးလိုက်တယ်။ extra bed = 5750/day + doctor fee = 470,000 (စုစုပေါင်း ၁၃သိန်း) $ နဲ့ တွက်ကြည့်ရင်တော့ US $ 1000 ကျော် ။



cabinet, door & toilet



မမ Angel ပျင်းနေမှာ စိုးလို့ ကားတွန်းကား ကြည့်ဖို့ DVD အသေးစားလေးနဲ့ လတ် မျိုးဆက်သစ် သားသား ကောင်းစေလတ်။



water fountain in Pun Hlaing Int'l Hospital





My lovely sister Angel




ဆေးရုံဆင်းမယ့် ရက်မှာတော့ ဆရာ Dr. ဦးတင်မောင်အေး အတွက် လက်ဆောင်မုန့်ခြင်း ပေးချင်လို့ FMI City Mart (Super Market) ဖုန်းနံပါတ်ကို အိမ်နားက စီးတီးမတ် ဆိုင်ခွဲကို ဖုန်းဆက် လှမ်းမေးလိုက်တော့ မာမီကို Agel မာမီမှန်းသိတော့ သူတို့ပဲ အစစ အရာရာ စီစဉ်ပေးတယ်။ City Mart က ပုံမှန်ဆိုရင် လက်ဆောင် ခြင်းတောင်း ၃တောင်း လောက် ၀ယ်မှ အိမ်တိုင်ရာရောက် လိုက်ပို့တာပေါ့နော်။ ဆိုင်ခွဲက စီစဉ်ပေးလိုက်လို့ ၅သောင်း တန် လက်ဆောင် ခြင်းတောင်းက Pun Hlaing Int'l Hospital က မာမီတို့အခန်းအရောက် လာပို့ပေးလို့ သားသားကို မွေးဖွားပေးတဲ့ ဆရာဝန်ကို လက်ဆောင်ပေးရတာ အစစ အဆင်ပြေသွားခဲ့တယ်။ စီးတီးမတ်က ၀န်ထမ်းတွေက service charges လည်း မယူသလို delivery လည်း free.

0 comments:

Related Posts Plugin for WordPress, Blogger...

Enjoy your visit!

Please don't copy of my blog posts and photos, that is mine without my permission.

Please don't remove blogger's copyright marks/watermarks from the images.

လာလည်တာကို ကြိုဆိုပါတယ်။

( Family Personal Photos ) မိသားစု ကိုယ်ရေးကိုယ်တာ - ဓာတ်ပုံများ နှင့် ဘလော့ပိုစ့်များကို မိတ္ထူကူးယူခြင်း၊ ( ကော်ပီကူးခြင်း )
လုံးဝ မပြုလုပ်ပါနှင့် ....