အမဲနှပ်ဖို့ အမဲသားကို ကလေးရှိတဲ့ အိမ်မို့လို့ အတုံးသေးသေးပဲ တုံးတယ်။ ဒီတစ်ခါ စပါးလင် မထည့်ဘူး။ ကြက်သွန်ဖြူ၊ နီ၊ ငရုတ်ပွ အနီ ထောင်းထားတာရယ်၊ ဆနွင်းမှုန့်၊ ဆား၊ ခရမ်းချဉ်သီး၊ ငရုတ်သီးစိမ်း၊ နံနံပင်နဲ့ လုံးချက်ထားတဲ့ အညာဆန်ဆန် အမဲနှပ်လေးပါ။ နှစ်ရည်လောက် မီးအေးအေးနဲ့ အမဲသား နူးအောင် ချက်ပီးသွားတဲ့အခါမှာ နောက်ဆုံးတစ်ရည်ကျမှ ငရုတ်ပွ ပါးပါးလှီးထားတာကို ထည့်ပီး ငရုတ်ပွ အနံသင်းသင်းလေးနဲ့ နူးအိနေတဲ့ အမဲနှပ်။
ငါးရံဟင်း
ခရမ်းချဉ်သီးထောင်း
ခရမ်းချဉ်သီး အလုံးတွေကို မီးဖုတ်၊ တစ်လက်စတည်း ယောင်းမပေါ်မှာ စိမ်းစားငပိကို ကပ်ပီး သူ့ကိုပါ မီးဖုတ်၊ မီးဖိုပေါ်မှာ ဒန်အိုးအဖုံးတင်ပီး ငရုတ်သီးစိမ်းလေးတွေကို ကင်၊ ပီးရင် ငရုတ်သီး၊ ခရမ်းချဉ်သီးမီးဖုတ်၊ ဆား၊ ကြက်သွန်ဖြူ၊ ငပိဖုတ် ပါ ရောထောင်းလိုက်ရင် ခရမ်းချဉ်သီးထောင်းပါ။ စားလို့ကောင်းတယ်။
ခ၀ဲသီးဟင်းချို
ငပိထောင်း (စားခါနီး သံပုရာသီးညှစ်စားသွားပါ)
0 comments:
Post a Comment