Monday, November 16, 2009

ပျော်စရာကောင်းတဲ့ နေ့လေး











Angel အရမ်းပျော်တဲ့ နေ့လေး လေ။ ဒီ ဂိမ်းစင်တာကို သွားဖို့ မာမီကို Angel ပြောလိုက်ရတာ။ မောနေတာပဲ။ မာမီကလေ ဟိုနေ့ ချိန်းလိုက်၊ ဒီနေ့ ချိန်းလိုက်နဲ့။ မာမီ မအားတာလည်း ပါသလို၊ Angel တို့တွေလည်း သွားစရာတွေ များနေတော့ အဲဒီ ကစားကွင်းအသစ်ကို မရောက်ဖြစ်ဘူးပေါ့။ မာမီက အခု အိမ်မှာ အရမ်း အလုပ်များနေတယ်လေ။ Angel တို့ မိသားစုအတွက် နိုဝင်ဘာလ၊ ဒီဇင်ဘာလ၊ ဇန်န၀ါရီလက နှစ်တစ်နှစ်မှာ ပျော်စရာတွေ များတဲ့ လ များနဲ့ အဓိပါယ်ရှိတဲ့ လတွေမို့လို့ မာမီလည်း အိမ်မှာ ပြင်ဆင်စရာရှိတာ ပြင်ဆင်နေရတာနဲ့ Angel နဲ့ဟဲဗန်ကို လိုက်မပို့ နိုင်ဘူးရယ်။
Angel လည်း မာမီကို ကူညီပေးပါတယ်။
မာမီ အားတဲ့ အချိန်ကို စောင့်ရကျိုး နပ်ပါတယ်။ ဒီနေ့ မာမီ Angel တို့ကို ကစားကွင်းအသစ် လိုက်ပို့တော့လေ။ ကစားကွင်းအသစ်မှာ မဆော့ဘူးတဲ့ ဂိမ်းအသစ်တွေလည်း ရှိနေတာရယ်၊ တချို့ ဂိမ်းတွေက ဆော့ဖူးပီးသားပေမယ့် Angel အကြိုက်တွေလေ။
လက်တို့ ဂိမ်းကတော့ မနှစ်က Happy World ကစားကွင်းမှာ ဆော့ဖူးတယ်။ အခု ကစားကွင်းမှာ ပြန်ဆော့တော့ ပိုပျော်တယ်။
Angel က မိန်းကလေး ဆိုပေမယ့် သေနတ်ပစ်တဲ့ ဂိမ်းကိုလည်း ကြိုက်တယ်။ ရန်သူတွေကို သေနတ်နဲ့ သေချာချိန်ပီး ပစ်ကစားတာ အရမ်းပျော်ဖို့ ကောင်းတယ်။

0 comments:

Related Posts Plugin for WordPress, Blogger...

Enjoy your visit!

Please don't copy of my blog posts and photos, that is mine without my permission.

Please don't remove blogger's copyright marks/watermarks from the images.

လာလည်တာကို ကြိုဆိုပါတယ်။

( Family Personal Photos ) မိသားစု ကိုယ်ရေးကိုယ်တာ - ဓာတ်ပုံများ နှင့် ဘလော့ပိုစ့်များကို မိတ္ထူကူးယူခြင်း၊ ( ကော်ပီကူးခြင်း )
လုံးဝ မပြုလုပ်ပါနှင့် ....