Tuesday, November 3, 2009

Play toy iron

20 Months baby boy

အခု ရက်ပိုင်း ဆော့ဖြစ်နေတဲ့ မီးပူတိုက်တမ်း ကစားနည်း။ တကယ့်မီးပူကတော့ အခန်းထဲမှာပဲ တိုက်ရဲတယ်။ တိုက်ပီးသား မီးပူကိုလည်း ၀ါရန်တာမှာ ပြန်ထားပီး။ ၀ါရန်တာ တံခါးပိတ်ထားလိုက်တာပါပဲ။ လန့်တယ်။ ကလေးတွေ တခု ခုဖြစ်မှာကို။ နောက်ဆက်တွဲ ကြုံလာမယ့် အရာတွေအတွက် လန့်လွန်းလို့ မဖြစ်ခင်ကတည်းက အတတ်နိုင်ဆုံးလေး ကြိုတင် ကာကွယ်ထားလိုက်တာ။


မီးပူ စတိုက်ပါတော့မယ်

မီးပူစတိုက်ဖို့ wet tissue အခြောက်စလေးကို ဖြန့်နေတာလေ။ မာမီ မီးပူ တိုက်တဲ့ ပုံစံကို သေချာ ကြည့်ပီး လိုက်လုပ်နေတာ။


သားသားကို ဓာတ်ပုံရိုက်နေပါလား

ကင်မရာက flash လင်းသွားလို့ သားသားကို ဓာတ်ပုံ ရိုက်ပေးနေတာ ရိတ်မိသွားပီလေ။


အကဲခတ်နေတယ်နော်။

ကင်မရာမီးလေးကလည်း တဖြတ်ဖြတ်နဲ့ မီးပူတိုက်တမ်းလည်း ဆက်ကစားချင်၊ ကင်မရာလည်း လာကိုင်ချင်နဲ့ မီးပူဆီ အာရုံ ပြန်စိုက်လို့ မရတော့ပါဘူး။ သားသားက ငယ်ငယ်တုန်းကပဲ ကင်မရာနဲ့ ဓာတ်ပုံ ရိုက်ရင် သိပ်စိတ်မ၀င်စားတာ။ အခုက လ ၂၀ သားဆိုတော့ တော်တော် တတ်နေပီ။ ခလုတ်တွေကို ကောင်းကောင်းကိုင်တွယ် အသုံးချတတ်တဲ့ အရွှယ်ရောက်နေပီလေ။ မာမီက များသောအားဖြင့် ကင်မရာနဲ့ သားသား အလစ်ကလေးမှာ မြန်မြန်ရိုက်။ သားသား လာယူဖို့ ခြေလှမ်းစပီဆိုတာနဲ့ ကင်မရာကို အမြင့်ပေါ်တင်နေကြ။ အခုက သားသားက သူ့ကို ၂ ပုံလောက် ရိုက်တာကို ငြိမ်ပီး ထိုင်နေရင်းနဲ့ အကဲခတ်နေလို့ နောက်တစ်ပုံလည်း ရိုက်မယ်လုပ်ရော ....

လာ .. ပါ ... ပြီ ဗျာ


လာပါပြီခင်ဗျား။ ကင်မရာကို ကိုင်ဖို့ လာနေပါပီ။ ၀မ်းသာ ပျော်ရွှင်စွာနဲ့ပေါ့။ သားသား ဒီတစ်ခါတော့ ကင်မရာ ကိုင်လို့ ရတော့မယ်ဆိုပီး မျှော်လင့်ချက်လေးနဲ့ပေါ့။



ဆပ်ပြာဗူးပေါင်းလေးတွေနဲ့အတူ


ကင်မရာ မကိုင်ရလို့ ငိုတော့မယ့် သားငယ်ကို အာရုံပြောင်းပီး ရေချိုးဖို့ နှိုးဆော်ပေးလိုက်တာ။ ရေချိုးဖို့ အတွက် ရေချိုးဇလုံထဲမှာ bubble shower တစ်ခွက်စာလောက် အရင်ထည့်ပီး ရေဘုံဘိုင်ကနေ ရေဖြည့်လိုက်တော့ ဆပ်ပြာဗူးပေါင်းတွေ တက်လာတာကို သားသားက သဘောကျနေတာလေ။



bubble


စိတ်ဝင်စားနေတယ်။



အခုမှပဲ လှည့်ကြည့်တော့တယ်


ဆပ်ပြာဗူးပေါင်းလေးတွေနဲ့ ရေချိုးပီဆို ကျန်တာ စိတ်မ၀င်စားတော့ဘူး။ bubble တွေနဲ့ မျိုးစုံ ဆော့နေရတာကိုပဲ ပျော်နေတာ။ မမ Angel ကလည်း သားသားကို စပီး ဆပ်ပြာဗူးပေါင်းတွေနဲ့ မုတ်ဆိတ်မွှေးတွေ လုပ်ပေး၊ ခေါင်းပေါ်တွေ တင်နဲ့။ မာမီက မျက်စိထဲ ၀င်မှာစိုးလို့။ ပါးစပ်ကောပေါ့။ အဲဒါ wet tissue နဲ့ လိုက်သုတ်နေတာ။


0 comments:

Related Posts Plugin for WordPress, Blogger...

Enjoy your visit!

Please don't copy of my blog posts and photos, that is mine without my permission.

Please don't remove blogger's copyright marks/watermarks from the images.

လာလည်တာကို ကြိုဆိုပါတယ်။

( Family Personal Photos ) မိသားစု ကိုယ်ရေးကိုယ်တာ - ဓာတ်ပုံများ နှင့် ဘလော့ပိုစ့်များကို မိတ္ထူကူးယူခြင်း၊ ( ကော်ပီကူးခြင်း )
လုံးဝ မပြုလုပ်ပါနှင့် ....