Thursday, November 5, 2009

Pregnant

အခုအချိန်မှာ သားလေးကို မျက်စိအောက်ကကို အပျောက် မခံရဲတာ။ မျက်စိကို ဒေါက်ထောက်ပီးတော့ကို ကြည့်နေရတာ။ ကလေးအထူးကုသမားတော်ကြီး ဒေါက်တာရဲမြင့်ကျော် ပြောသလို။

တစ်ကယ့်ကို လက်လက်ထနေတဲ့ စိန်တုံးကြီး (Mr. Dimond) ပါပဲ။

လွန်ခဲ့တဲ့ ( After March, 2007 ) သားလေးကို ကိုယ်ဝန်လွယ်ထားသော အချိန်တုန်းကဆိုရင် .... မာမီ တခါမှ မအန်ဘူး။ သမီးတုန်းကတော့ ခဏ ခဏ အန်တယ်။ အဲဒီအချိန် ကိုယ်ဝန် ၅ပတ်ကျော် ဗိုက်ထဲက ရင်သွေးကလေး ကိုယ်အင်္ဂါစတင် ဖြစ်ပေါ်နေတဲ့ အချိန်ဆိုတော့ morning sickness ဖြစ်နေပေမယ့်လို့ အစာ မ၀င်ဝင်အောင် မာမီ စားပေးတာပေါ့။ ပန်းသီးအစိမ်း၊ ပေါင်မုန့်၊ စပျစ်သီးခြောက်တွေ စားမှပဲ ရတယ်။ ကျန်တဲ့ အစားအသောက်တွေ စားရင် အန်လို့လေ။ အနံတွေဆိုတာ နှာခေါင်းဝ ရောက်လာတာနဲ့ လူက အန်ချင်နေပီ။ သားကျတော့ မအန်တော့ စားလို့ကောင်း၊ သောက်လို့ကောင်း။ တချိန်လုံးစား၊ မာမီ စင်ကာပူက ပြန်လာပီး နောက်ပိုင်း သားကိုယ်ဝန် ၈ ပတ်ကျော်မှာ မီးယပ်နှင့်သားဖွားအထူးကု သမားတော်ကြီး ဒေါက်တာ ဦးတင်မောင်အေးနဲ့ စပီး ပြတာပေါ့။ ကိုယ်ဝန် စရှိရှိချင်း ဆိုတော့ Medical check up လုပ်ရတာပေါ့။ သွေး၊ ဆီး စစ်တာပေါ့။ အားလုံးကောင်းတယ်။ ဆရာက လူနာ အရမ်းများတတ်လို့ သားကိုယ်ဝန် ပြရမယ့် ရက်ချိန်းတွေ ဆိုရင် မာမီက ကြိုတွက်ပီး တစ်လ ဘွတ်ကင် ကြိုယူတဲ့အခါ ယူ၊ နှစ်ပတ် ဘွတ်ကင် ကြိုယူတဲ့အခါ ယူ၊ တစ်ပတ် ဘွတ်ကင် ... အဲလိုမျိုး သမီး ကိုယ်ဝန်တုန်းက အတွေ့အကြုံရှိပီးသားဆိုတော့ တယ်လီဖုန်းနဲ့ SSC မှာ ကြိုတင် ဘွတ်ကင် လုပ်ထားလို့ စနေ နေ့ မနက် ၇ နာရီ ဆရာ ဆေးခန်းထိုင်ပီး သားကို ကိုယ်ဝန် ပြရမယ့် အပတ်တိုင်း မာမီက ထိပ်ဆုံးကချည်းပဲ။ သားဗိုက်နဲ့ မာမီ ဆေးခန်းလာပြရင်လည်း ချစ်စရာကောင်းတဲ့ မမ Angel ပါလာတော့ ဆရာက မာမီတို့ သားအမိကို ဘယ်လောက်ပဲ လူနာတွေ များများ ကောင်းကောင်း မှတ်မိတာပေါ့။

အားဆေးလည်းမှန်မှန်သောက်တယ်။ အစာလည်း စုံလင်အောင် စားတယ်။ အရိုးပါ ၀ါးစားရတဲ့ ငါး (ငါးသလဲထိုး) လည်း စားတယ်။ အဲဒါ စားရင် ကလေး ဥာဏ်ကောင်းတယ်ဆိုလို့လေ။ သားကိုယ်ဝန် ၅လသားကျော်မှာ ultrasound ရိုက်လို့ ရပီး သားလေးမှန်းလည်း သိရော။ မာမီတို့ တစ်မိသားစုလုံး ပျော်လိုက်ကြတာ။

ကြိုတင် ပြင်ဆင်မှုတွေကတော့ ... သားကိုယ်ဝန် ၇လနောက်ပိုင်းမှာ .... မာမီက ရုတ်တရက် ဗိုက်နာလာရင်တော့ အနီးဆုံး ၁၅မိနစ်လောက်ပဲ ဝေးတဲ့ SSC မှာ မွေးမယ်။ မာမီ လိုချင်တဲ့ ရက်မှာဆိုရင်တော့ ပန်းလှိုင်ဆေးရုံမှာ မွေးမယ် ဆိုပီး ပြင်ဆင်ထားတယ်။ အိမ်မှာလည်း အဆင့်သင့် အိတ်တွေ ကလေးပစ္စည်းတွေထည့်ထားတဲ့ အိတ် က အိမ်ရှေ့မှာ အဆင့်သင့်ပေါ့နော်။ ပန်းလှိုင်ကတော့ ကလေးနဲ့ အမေ ပစ္စည်း ကရိကထတွေ ပူစရာမလိုဘူး။ အနှီးတွေ အိမ်ပြန်လျှော်နေစရာ မလိုဘူးလေ။ SSC က ထမင်းလည်း မကျွေးဘူး။ မာမီ SSC OG - VIP Room မှာ ကလေး ဗိုက်ခွဲ မွေးခ သွားစုံစမ်းပီး အခန်းလည်း သွားကြည့်သေးတယ်။ ၉ သိန်းကျော်လောက် ကျမှာလေ။ ဒေါက်တာ ဦးတင်မောင်အေး အဖွဲ့က ၅ သိန်းနဲ့ ဆေးရုံက ခွဲခန်းခတို့ အခန်းဖိုး အထွေထွေ ပေါင်းလိုက်ရင် ၉ သိန်းကျော် ၁၀ သိန်း နီးပါးပဲ။ (တခြား ဒေါက်တာ နဲ့ ရိုးရိုးအခန်းဆိုရင်တော့ SSC မှာ ၇ ရက်ကို ၇ သိန်းကျော်လောက်ပဲ ကျမှာပါ)

သားအခန်းကို ကလေးပစ္စည်းတွေ ၀ယ်ပီး အဆင့်သင့် ပြင်ဆင်ပေးထားတယ်။ မမ Angel ငယ်ငယ်တုန်းက သုံးခဲ့တဲ့ ပစ္စည်းတွေကတော့ သူများပေးလိုက်တယ်။ (မာမီအတွက်ဆိုရင်တော့ မာမီ ချွေတာတယ်။ သားနဲ့ သမီးအတွက်ဆိုရင်တော့ မာမီ အစစ အရာရာ ကြည်ဖြူတယ်။ မနှမြောဘူး)


သားသားဗီဒို၊ အိမ်သာအိုး၊ အရုပ်စင်

သားသားဗီဒို၊ အိမ်သာအိုး၊ အရုပ်စင်

Diper ထုတ်၊ ဂွမ်းထုတ်ထည့်ထားတဲ့ ခြင်းတောင်း၊ ရေချိုးဇလုံ၊ ဂွေဝိုင်း

Diper ထုတ်၊ ဂွမ်းထုတ်ထည့်ထားတဲ့ ခြင်းတောင်း၊ ရေချိုးဇလုံ၊ ဂွေဝိုင်း

သားသားကုတင် + ပုခက်

သားသားကုတင် + ပုခက်

သားကော သမီးကော ကိုယ်ဝန် လွယ်ထားတဲ့ အချိန်တွေမှာ ဘာတစ်ခုမှ မဖြစ်ခဲ့ဘူး။ ပုံမှန်ပဲ။ ဆေးခန်းမှန်မှန်ပြတယ်။ ဆေးမှန်မှန်သောက်တယ်။ အစာကောင်းကောင်းစားတယ်။ နေ့ခင်းနေ့လည်ဆို အိပ်တယ်။ တီဗီဇာတ်လမ်းတွေ ကြည့်တယ်။ သမီးကိုယ်ဝန်တုန်းက တရုတ်ဇာတ်လမ်းတွဲတွေ၊ သားကိုယ်ဝန်နဲ့က ကိုးရီးယားဇာတ်လမ်းတွဲ (အဲဒီအချိန်တုန်းက 5 series မှာ လာနေတာက နာဂွန်းဆွန်းရဲ့ အားမလျှော့စတမ်းကား) အရမ်းကြိုက်တာပေါ့။ တစ်နေ့ကို အနည်းဆုံး ၃နာရီလောက် အင်တာနက် သုံးတယ်။ အင်တာနက်ကနေ ကိုယ်ဝန်ဆောင် လမ်းညွှန်ချက်တွေ၊ ကလေးပြုစု စောင့်ရှောက်နည်းတွေ လိုက်လေ့လာတယ်။ babycenter.com မှာ member ၀င်ပီး အပတ်စဉ် ကိုယ်ဝန်ဆောင်ကတည်းက ဒီနေ့ ထက်ထိ ကလေး ပြုစုစောင့်ရှောက်ပုံလေးတွေကို အီးမေလ်း မှန်မှန်ပို့ထားတာတွေကို ဖတ်တယ်။


မမကို ကျောင်းလည်း လိုက်ပို့တယ်။ ကိုယ်ဝန်ကြီးနဲ့လည်း ရေကူးကန် လိုက်ပို့ပေးသေးတာပဲ။ ကစားကွင်းတွေလည်း လိုက်ပို့ပေးတယ်။ သား ဗိုက်ကတော့ ပေါ့သလား မမေးနဲ့။ မာမီ ဗိုက်ကြီး ကော့ကော့နဲ့ လျှောက်ပီး လျှောက်သွားတာ။

သားလေး မမွေးခင် တစ်လ အလိုလောက်က ညလယ်ခေါင်အချိန်မှာ မာမီ ရုတ်တရက်နိုးလာပီး ခေါင်းရင်း ပြတင်းပေါက်ဘက်ကို ကြည့်လိုက်တော့ ကြယ်ကြွေလာတယ်လေ။ မာမီ ဆုတောင်းလိုက်ပါတယ်။ ဆုတောင်းလည်း ပြည့်ခဲ့ပါတယ်။

မမွေးခင် ၁လ အလိုလောက်မှပဲ အိမ်အကူ ခေါ်ဖြစ်တယ်။ ကိုယ်ဝန်ဆောင်တွေက မမွေးခင် ၂လနဲ့ မွေးပီး ၂လက သွေးနု၊ သားနု၊ အရိုးနုလေ။ အဲဒီ အချိန် မဆင်ခြင်ရင် တစ်သက်လုံး ဒဏ်ဖြစ်တာပဲ။ အဲဒီ အချိန်တွေမှာ အလွန်အကျွံ ဘာမှ မလုပ်ဘူး။ အင်တာနက် သုံးတယ်။ typing ကို မိနစ် 30 မကျော်ဘူး။ Aircon သုံးတယ်။ အရမ်း အေးအောင် မထားဘူး။ အလေးအပင်လည်း မ , မ ဘူး။ လက်ဆစ်တွေ နာမယ့် အလုပ်၊ ဇက်ကြောတက်မယ့် အလုပ် မလုပ်ဘူး။ နေပူထဲ မသွားဘူး။ မသွားမဖြစ်သွားရင်လည်း ထီးဆောင်းသွားတယ်။ (မဖြစ်ခင် ကြိုတင် ရှောင်ထားတာပါ။ ဖြစ်လာပီဆိုရင် ဘယ်သူ့မှ ကူမယ့်သူ မရှိလို့လေ။)။ သားလေး ၅လသားလောက်ကျတော့ အိမ်အကူ ဆက်မခေါ်တော့ဘူးပေါ့နော်။ အိမ်မှု ကိစ္စနဲ့ သားတို့ သမီးတို့ ဝေယျဝစ္စ အားလုံး မာမီ တစ်ယောက်တည်း လုပ်တာပေါ့။

သားသားကိုယ်ဝန်နဲ့ မာမီ

သားသားကိုယ်ဝန်နဲ့ မာမီ

သားကို နိုဝင်ဘာ ၃၀ မွေးမယ်ဆိုပီး ပန်းလှိုင်မှာ ဘွတ်ကင်ယူထားတာပေါ့နော်။ ဆရာဝန် ဘွတ်ကင်တွေကတော့ ပန်းလှိုင်ဆေးရုံကပဲ တခါတည်း လုပ်ပေးတာလေ။

ဒါပေမယ့် နိုဝင်ဘာ ၂၂ရက်ကတည်းက တစ်နေကုန် ဗိုက်က နာရီခြား နာနေတယ်။ လေနာသလိုမျိုးလေ။ တအားကြီး ဗိုက်နာတာမျိုး မဟုတ်ဘူး။ ညကျတော့ နာရီ စိပ်လာတယ်။ နှစ်နာရီခြား တခါလို ဖြစ်လာတယ်။ 23 ရက်နေ့ မနက် 8 နာရီကျတော့ မာမီ ပန်းလှိုင်ကို ဖုန်းဆက်လိုက်တယ်။ သူတို့ပဲ ဒေါက်တာဦးတင်မောင်အေးဆီ ဖုန်းဆက်ပေးတာ။ မာမီကို ဆေးရုံလာလို့ ရပီ ဆိုတော့။ မာမီနဲ့ သားသားကတော့ အ၀တ် တစ်စုံစာစီပေါ့။ မမ Angel နဲ့ အိမ်အကူကတော့ ၅ ရက်စာပေါ့။ မမေ့မလျှော့နဲ့ တစ်လလောက်ကတည်းက ကြိုထည့်ထားတဲ့ မမ Angel စားဖို့ မုန့်ခြင်းတောင်းက တစ်လုံးပေါ့။ ၆" DVD အသေးလေးစက်နဲ့ Laptop ဒါပဲ ဆေးရုံကို ယူသွားတာ။

0 comments:

Related Posts Plugin for WordPress, Blogger...

Enjoy your visit!

Please don't copy of my blog posts and photos, that is mine without my permission.

Please don't remove blogger's copyright marks/watermarks from the images.

လာလည်တာကို ကြိုဆိုပါတယ်။

( Family Personal Photos ) မိသားစု ကိုယ်ရေးကိုယ်တာ - ဓာတ်ပုံများ နှင့် ဘလော့ပိုစ့်များကို မိတ္ထူကူးယူခြင်း၊ ( ကော်ပီကူးခြင်း )
လုံးဝ မပြုလုပ်ပါနှင့် ....