Saturday, October 31, 2009

9 Months


video web site link : http://video.google.com/videoplay?docid=-8542142225245398387#


သားသားနဲ့ သမီးလေး kid room မှာ အရုပ်တွေနဲ့ ဆော့နေတုန်း။ သားသားက လေးဘက်ထောက်ပီး တစ်အိမ်လုံး လျှောက်သွားနိုင်တဲ့ အရွှယ်ကနေ စပီး ကိုင်စရာ တစ်ခု ခုကို တွေ့ရင် ဆွဲကိုင်ပီး မတ်တတ်ရပ် တတ်နေပီလေ။ အဲလို မတ်တတ်ရပ်နေရင်းကနေ ဘေးတိုက် ရွှေ့ ရွှေ့ပီး သွားလိုက်။ နံရံတွေကို ကိုင်ပီး သွားလိုက်။ (နံရံမှာ ပုံလေးတွေ ကပ်ထားတော့ ကိုင်ရင်း ပုံတွေကို ကြည့်တာ။) ခုံလေးတွေ စားပွဲလေးတွေကို ကိုင်ရင်းလည်း လမ်းလျှောက်လိုက်။ ဘီးပါတဲ့ ခုံလေးတွေကို တွန်းရင်းနဲ့ အဝေးကြီး လမ်းလျှောက်လိုက်။ ကိုင်စရာ မရှိတဲ့ နေရာ ကျရင် ခြေ တစ်လှမ်း ၄ ၅ လှမ်းလောက်ကို အလွတ် လျှောက်တတ်နေရာကနေ သားလေး ၉ လသား အရွှယ်မှာ kid room အခန်းဝမှာ ရှိတဲ့ မာမီဆီကို တစိုက် မတ်မတ် အူးယား ဖားယား ၀မ်းသာ အားရ လာနေတဲ့ ပုံလေးကို ဗီဒီယို မှတ်တမ်းတင်လိုက်တာပါ။ မာမီ အရမ်းဝမ်းသာလွန်းလို့ သားသားကို ရှုးရှုးပေါက်ထားလို့ ဘောင်းဘီ လဲပီးခါစမို့ ဘောင်းဘီက သေချာ မ၀တ်ဆင်ထားတော့ သားလေး လမ်းလျှောက်တာ ကွ တ တ လေး ဖြစ်နေတာ မာမီကို ခွင့်လွှတ်နော်။


ဒီဗီဒီယိုလေးက သားလေး ပထမဦးဆုံး အကြိမ် လမ်းလျှောက်တတ်တဲ့ ဗီဒီယိုလေး လည်း ဟုတ်သလို နောက် လ အနည်းငယ်မှာ မာမီ မနည်း လိုက်ဆွဲရမယ့် ခြေလှမ်း ကျဲကျဲတွေပေါ့။ ဒီဗီဒီယိုလေးက မာမီ အကြိုက်ဆုံး မိသားစုဗီဒီယိုလေးပါပဲ။

0 comments:

Related Posts Plugin for WordPress, Blogger...

Enjoy your visit!

Please don't copy of my blog posts and photos, that is mine without my permission.

Please don't remove blogger's copyright marks/watermarks from the images.

လာလည်တာကို ကြိုဆိုပါတယ်။

( Family Personal Photos ) မိသားစု ကိုယ်ရေးကိုယ်တာ - ဓာတ်ပုံများ နှင့် ဘလော့ပိုစ့်များကို မိတ္ထူကူးယူခြင်း၊ ( ကော်ပီကူးခြင်း )
လုံးဝ မပြုလုပ်ပါနှင့် ....