Saturday, October 3, 2009

ကရ၀ိတ် - စင်ဒရဲလား

ကရ၀ိတ်မှာ စင်ဒရဲလား ဒီနေ့ ရှိတယ်။ ရဲတိုက် အိမ်ထဲမှာတော့ စင်ဒရဲလား ပုံတွေ။ စင်ဒရဲလား မင်းသမီးလေးက ဥယျာဉ်တော်ထဲမှာ ကလေးတွေနဲ့ ဓာတ်ပုံရိုက်နေတယ်။


စင်ဒရဲလား ကပွဲသွားတဲ့ မြင်းလှည်းလေးနဲ့ အမှတ်တရ။


Bambie Deer လေးနဲ့ အမှတ်တရ။ အဲဒီ Bambie Deer bag လေး သမီးဆီမှာ ရှိတယ်။ အမျိုး အမေရိကားက ပြန်လာလို့ လက်ဆောင် ရထားတာ။ အဲဒီ ပိုက်ဆံအိတ်လေးနဲ့ဆိုရင် ၀မ်းဆက်ပဲ သမီးလေးရယ်။


စင်ဒရဲလားမင်းသမီးလေး ပန်းခြင်းလေးနဲ့ ချစ်စရာလေးပါ။ ငယ်ရွှယ်နုပျိုမှုလေးနဲ့ ၁၅ နှစ်ကျော်လောက်ပဲ ရှိမှာပါ။ ကလေး ၂ယောက်နဲ့ အလုပ်တွေ ရှုပ်နေလို့ မော်ဒယ်ဂဲလ် နာမည်လေးတောင် မာမီ မမေးလိုက်မိဘူး။


သမီးလက်ထဲက သမီးရဲ့ ထီး။ ဓာတ်ပုံ ရိုက်တုန်း မာမီ မေ့ပီး မယူထားလိုက်မိဘူး။


သားသားပါ အပါ ဓာတ်ပုံ အမှတ်တရ ရိုက်မယ် ဆိုတော့ သားသားက စင်ဒရဲလား ကို ချစ်လွန်းလို့ အတင်းကို ဖက်ထားပါလေရော။ စင်ဒရဲလားလေးလည်း ပထမ လန့်သွားတာပေါ့နော်။ Baby Prince က အတင်းကြီးပါလားဆိုပီးတော့ ... စင်ဒရဲလားလေးခမျာ လက်ထဲက ခြင်းတောင်းလေးတောင် လွတ်ကျသွားရှာတာ။


တကယ်ကို Baby Prince က Cinderalla လေးကို မလွှတ်တော့တာ။ ဟီး ဟီး ဓာတ်ပုံရိုက်သူ မာမီလည်း မျက်နှာပူစွာနဲ့ သားသားကို သွားပြန်ခေါ်ရပါတော့တယ်။ ချော့ပီးတော့ပေါ့။ ရဲတိုက်ထဲက Witch မဟုတ်ပါဘူး။ Cleaner ပါ။ ဒီနေ့ နေ့လည် ၃ နာရီ မတိုင်ခင် မိုးလေး နည်းနည်းရွှာသွားလို့ ရေ စစ်ထုတ်နေတာ။ ဒီနေ့ ရာသီဥတု ကောင်းတယ်။ ၃ နာရီ နောက်ပိုင်း မိုး မရွှာတော့ဘူး။ Cleaner က အခုခေတ်မှာ အရေးပါ အရာရောက်နေပါပီ။ တကယ့်ကို နေရာတကာ မရှိမဖြစ်ပါ။ နေရာတိုင်းမှာ Cleaner နဲ့ Security ရှိတယ်။



သမီးလေး Angel နဲ့ ရဲတိုက် Castle


မောင်နှမ နှစ်ယောက် မြက်ခင်းကျယ်မှာ စိတ်လွှတ် ကိုယ်လွှတ် ပျော်ရွှင်စွာ ပြေးနေကြတာ။


မမ က သားသား ခေါ်ရာနောက် လိုက်ပြေးနေရတယ်။


သားသား Heaven နဲ့ ရဲတိုက် Castle

0 comments:

Related Posts Plugin for WordPress, Blogger...

Enjoy your visit!

Please don't copy of my blog posts and photos, that is mine without my permission.

Please don't remove blogger's copyright marks/watermarks from the images.

လာလည်တာကို ကြိုဆိုပါတယ်။

( Family Personal Photos ) မိသားစု ကိုယ်ရေးကိုယ်တာ - ဓာတ်ပုံများ နှင့် ဘလော့ပိုစ့်များကို မိတ္ထူကူးယူခြင်း၊ ( ကော်ပီကူးခြင်း )
လုံးဝ မပြုလုပ်ပါနှင့် ....