Sunday, October 4, 2009

United Living Mall က ကြက်ကျော်ဆိုင်


United Living Mall က ဒီလ ၂ ရက်နေ့ ည ၇ နာရီမှာ ဖွင့်ပေမယ့် မနေ့က ၃ ရက်နေ့က စပီး လူစည်တယ်။ မနေ့က ကရ၀ိတ်က အပြန်မှာ တွေ့လို့ ဒီနေ့ မာမီ တို့ လာကြတာ။ ကရ၀ိတ်နဲ့ဆိုရင် မျက်စောင်းထိုး နားလောက်မှာ ရှိတယ်။ Mall ကို ရောက်တာနဲ့ ဗိုက်ကို အရင်ဖြည့်ဖို့ ဆိုင် အရင်ရှာတယ်။ မြေအောက်ထပ်ကို ဆင်းပီး ကြက်ကျော်စားကြတယ်။ မြေအောက်ထပ်မှာ ကြက်ကျော်ဆိုင်နဲ့ အင်တာနက်ဆိုင် ရှိတယ်။ သားသားကတော့ လှေကားဆိုရင် တွေ့တာနဲ့ တက်လိုက် ဆင်းလိုက် လုပ်နေတော့တာပဲ။ လှေကားက တော်တော်လှတယ်။ ဒီ Mall က Capital Hyper Shopping Mall နဲ့ သူဌေး တူတူပါပဲ။ ညီအစ်ကိုတွေ။ Mall ကို စ၀င်လိုက်တာနဲ့ Capital က ၀န်ထမ်းတွေ Security တွေ စတွေ့တော့တာပဲ။ သူတို့ကလည်း မာမီတို့ သားအမိကို သိတယ်။


သမီးလေး Angel က ငယ်ငယ်လေးကတည်းက အခု အရွှယ်အထိ ဘယ်သွားသွား အရုပ်သေးသေးလေး တစ်ရုပ်က အမြဲပါတယ်။


ကြက်ကျော်တစ်တုံး၊ လိမ္မော်ရည် ၂ခွက်၊ ဟမ်ဘာဂါ တစ်ခုဆို မာမီတို့ မိသားစု သုံးယောက် အတော်ပဲ။


သမီးလေး နောက်က ဆိုင်က အင်တာနက် ဆိုင်။ ဆိုင်အပြင်အဆင် အခင်းအကျင်းက တကယ်ကို သားနားတယ်။ ဒီ Mall က အမိုက်ဆုံးပဲ။


သားသားက ယောကျာ်းလေးဆိုတော့ စားဖို့ကို ချော့ပီး ခေါ်ကျွေး၊ ပီးရင် သားသားက ဟိုလျှောက်သွားချင်၊ ဒီလျှောက်သွားပီး စူးစမ်းလေ့လာချင်။ အားပေးပါတယ်။ မာမီလည်း အိပ်ရေးကို ၀ နေအောင် အိပ်ထားပီး စိတ်ကို ရှည်ရှည်ထားပီး လိုက်ပို့ပေးပါတယ်။ သားလေး သွားသမျှ အနောက်ကို တကောက်ကောက်နဲ့ လိုက်ရတာပေါ့ မာမီက။



ဆိုင် အခင်းအကျင်း ဒီဇိုင်းက တော်တော်လေးကို လန်းတယ်။


ကြက်ကျော်ဆိုင်ကနေ အပေါ်ကို မော့ကြည့်လိုက်ရင် မြင်ရတဲ့ မြင်ကွင်းလေးပါ။ ၅ ထပ် ရှိတယ်။ အတပ်အဆင်းတိုင်းမှာ စက်လှေကား ရှိတယ်။ အဆင်းဘက်ခြမ်းမှာ စစ်ဆေးတဲ့ စက်တွေ ရှိတယ်။


ကြက်ကျော်ဆိုင် အပြင်ဆင် ဒီဇိုင်း

0 comments:

Related Posts Plugin for WordPress, Blogger...

Enjoy your visit!

Please don't copy of my blog posts and photos, that is mine without my permission.

Please don't remove blogger's copyright marks/watermarks from the images.

လာလည်တာကို ကြိုဆိုပါတယ်။

( Family Personal Photos ) မိသားစု ကိုယ်ရေးကိုယ်တာ - ဓာတ်ပုံများ နှင့် ဘလော့ပိုစ့်များကို မိတ္ထူကူးယူခြင်း၊ ( ကော်ပီကူးခြင်း )
လုံးဝ မပြုလုပ်ပါနှင့် ....