Friday, October 2, 2009

Capital Hyper Shopping Mall


သမီးနဲ့ သားကို ကားတွန်းလှည်းထဲ ထည့်ပီး ဈေးဝယ်



သမီးက ခေါင်းက ကလစ်က အစ ခြေထောက် ဖိနပ်အဆုံး ပန်းရောင်တွေချည်းပဲ ၀ယ်တယ်။



မိန်းကလေး အကျီတွေ ဘက်ခြမ်း



ဝါကျွတ် ပရိဘောဂ လျှော့ဈေး မို့လို့ တော်တော်များများ လာဝယ်နေကြတယ်။ မာမီတို့က ကြည့်ရုံ ကြည့်တာပါ။



TV နဲ့ ပန်းခြံထဲ ထိုင်တဲ့ ထိုင်ခုံအဖြူတွေ



မှန်တင်ခုံ လှလှလေးတွေက တစ်လုံး တစ်သိန်းကျော်တယ်။ ထမင်းစားပွဲ အစိမ်းရောင်က ဒီဇိုင်းမိုက်တယ်။ အိမ်မှာ coffee table ၀ယ်ထားဖူးတယ်။ အဲလို ခြေထောက်မျိုးပဲ။ ခြေထောက်က မငြိမ်ဘူး။ စားပွဲကို ကိုင်လိုက်ရင် လှုပ်နေတယ်။ အဲဒီနောက်ပိုင်း အခြေမခိုင်တဲ့ စားပွဲဆို လှပေမယ့်လည်း ၀ယ်ကို မ၀ယ်ဖြစ်တော့ဘူး။ မှန် ချိုးထားတာလေးလည်း လှတယ်။ အခု ခေတ် နောက်ပိုင်း အိမ်တွေ ဆေးသုတ်တာ ခေတ်မှီလာပီ။ တစ်ခန်းကို တစ်ရောင်စီ သုတ်ပီး ရဲရဲတောက်နေတဲ့ လိမ္မော်ရောင်၊ အစိမ်းရောင်၊ ပိတောက်ရောင်၊ အပြာရောင်၊ ခရမ်းရောင်တွေ သုတ်ပီး အဲလို အစိမ်းရောင် မှန်စားပွဲနဲ့ဆို အလိုက်ပဲ။ တက်ကြွတဲ့ အရောင်တွေမို့လို့ နောက်ပိုင်း ခေတ်စတိုင် အိမ်လေးတွေနဲ့ ကိုက်တယ်။ ကြည့်ရုံ ကြည့်တာပါ။ မ၀ယ်ဖြစ်သေးပါဘူး။ ဒါမှ အခု ခေတ်ပေါ်နေတဲ့ ပရိဘောဂတွေနဲ့ မျက်မှန်း တန်းမိတော့ နောက် ၃ နှစ် ကျော် သမီးအတွက် ၀ယ်ပေးရင် လှလှလေး ရွှေးဖြစ်နေမှာ။ နောက်ပိုင်းလာတဲ့ ကြိတ်သားတွေက အရောင်စုံ ဆေးမှုတ်ပီး ပရိဘောဂ ပြန်လုပ်ထားတာတွေ။ ဒီမှာလည်း အဲလိုမျိုး လုပ်တယ်။ ကလေး ဘီဒိုတွေဆိုရင် အဲလို ကြိတ်သားများတယ်။ အေ၇ာင်စုံပဲ။ ပီးရင် ကာတွန်း စတစ်ကာလေး ကပ်လိုက်။ ကလေး အခန်းအတွက် တော်တော် လှသွားတယ်။



ကလေး လျှပ်စစ်ပစ္စည်း အသစ်များေ၇ာက်သလားလို့ သွားကြည့်တာ။ ခြံ နဲ့ ၀င်းနဲ့ ဆိုရင်တော့ အဲလို မော်တော်ကားနဲ့ ဆို အဆင်ပြေတယ်။ တစ်စီးကို တစ်သိန်း ခွဲကနေ ၂ သိန်း ကျော်။ လျှပ်စစ် မော်တော် ဆိုင်ကယ်တွေက တစ်စီးကို ရှစ်သောင်းကနေ တစ်သိန်း ကျော်။ အိမ်မှာတော့ မော်တော် ဆိုင်ကယ် ရှိတယ်။ မပျက်သေးဘူး။ ရှစ် နှစ် အထက်ဆို ထိုင်မစီးတာ ကောင်းတယ်။ မော်တာ စက် နာလို့။



ဒီစက်လှေကားက ကောင်းတယ်။ သံလိုက်ပါတော့ တွန်းလှည်းက မလှုပ်တော့ဘူး။ လက်လွှတ်ပီး စီးလို့တောင် ရတယ်။


1 comments:

Anonymous said...

happy to see the peaceful life of a family

Related Posts Plugin for WordPress, Blogger...

Enjoy your visit!

Please don't copy of my blog posts and photos, that is mine without my permission.

Please don't remove blogger's copyright marks/watermarks from the images.

လာလည်တာကို ကြိုဆိုပါတယ်။

( Family Personal Photos ) မိသားစု ကိုယ်ရေးကိုယ်တာ - ဓာတ်ပုံများ နှင့် ဘလော့ပိုစ့်များကို မိတ္ထူကူးယူခြင်း၊ ( ကော်ပီကူးခြင်း )
လုံးဝ မပြုလုပ်ပါနှင့် ....