Saturday, October 31, 2009

First Diary


When the first baby laughed for the first time, the laugh broke into a thousand pieces and they all went skipping about, and that was the beginning of the fairies.
~ James M. Barrie














Baby's 1st year









12th Month





သားလေး ၁နှစ်ပြည့် မွေးနေ့အကြို မိသားစု ကစားကွင်းတွေ သွားဆော့တုန်းက။ သားသားက နို့ဗူးကို မကြိုက်ဘူး။ မော့ပီးသောက်နေရလို့။ ပိုက်နဲ့သောက်ရတဲ့ ဗူးပဲကြိုက်တယ်။ သောက်ဖို့အတွက် မော့နေစရာ မလိုလို့နဲ့တူပါတယ်။




11th Month




Duck cloth ၀တ်ပေးထားတာ။






10th Month





ကစားကွင်းတွေလည်း ကောင်းကောင်းသွားတတ် ဆော့တတ်နေပီလေ။ အပြင်ကိုလည်း ကြိုက်တတ်နေပီ။ သမီးလေး ဆံပင်က အဲဒီတုန်းက ရှည်သေးတယ်။ ၂၀၀၉ တရုတ်နှစ်သစ်ကူးကျတော့ ဆံပင်တိုလေးလေ။






9th Months





သားလေး ၉လနဲ့ Kid Room ထဲမှာ ဆော့နေရာကနေ mommy ဆီကို တစိုက်မတ်မတ် လမ်းလျှောက်ပီးလာနေပုံ။ အဲဒီ အရင် ၆လကျော်ကတည်းက တစ်ခုခုကို ကိုင်ပီး မတ်တပ်ရပ်တတ်၊ မတ်တပ်ရပ်ပီး နေရာ တနေရာကနေ တနေရာကို ခုံတွေ စားပွဲတွေ နံရံတွေ ကိုင်ပီးသွားတတ်နေတာ။ Mommy က နံရံတွေမှာ ပုံလေးတွေကပ်ထားပေးတော့ အဲဒီပုံတွေကိုင်ကြည့်ချင်တော့ နံရံကို ကိုင်ပီး လမ်းလျှောက်ရင်းနဲ့ကြည့်။ ဧည့်ခန်းက ခုံတွေ စားပွဲတွေကို ကိုင်ပီး ဟိုသွားလိုက် ဒီသွားလိုက်လုပ် တနေရာနဲ့ တနေရာ အကူးမှာ ကိုင်စရာမရှိတဲ့ ခြေလှမ်း ၂ လှမ်း ၃လှမ်းစာလောက်ကို သားလေးက ဒီအတိုင်း အလွတ်လျှောက်နေရာကနေ ၉လသားလေးနဲ့ လမ်းကို ကောင်းကောင်းလျှောက်တတ် ပြေးတတ်နေပီ။ မမ Angel နဲ့ စိန်ပြေးတမ်းကစားရင် ဂွေဝိုင်းထဲမှာ ထိုင်ပီး ပြေးနေရတာကို အားမရလို့နဲ့တူတယ်။ (လမ်းမလျှောက်တတ်ခင်တုန်းက သားလေးက ဂွေဝိုင်းမှာထိုင်ပီး မမ Angel နဲ့ ဆော့တာလေ) သားသား ငယ်ငယ်လေးနဲ့ လမ်းလျှောက်တတ်နေတာ။ ပြေးနိုင်နေတာကို mommy ဂုဏ်ယူပါတယ် သားလေးရယ်။






8th Months




သားလေးကို အဲဒီကားလေးထဲ ထည့်ပီး ထမင်းကျွေးတာလေ။ ကားလေးကို ရှေ့တိုးလိုက် နောက်ဆုတ်လိုက်နဲ့ သားလေးကို အဲဒီကားပေါ်မှာ ငြိမ်ငြိမ်ထိုင်ဖို့ mommy ချော့နေရာကနေ သားလေး အိပ်ပျော်သွားတဲ့ပုံလေး။ ချစ်စရာ ကြင်နာချင်စရာ မေ့သားလေး ...







7th Months



သားလေး ၇လ အတိပြည့်တဲ့နေ့က ရိုက်ထားတာ။ အိပ်ရာက နိုးလာရင် ကုတင်ပေါ်မှာ မတ်တပ်ရပ်နေလို့ ကုတင်ကို နောက်ထပ်တစ်ဆင့် နိမ့်လိုက်ရတယ်။ သားလေး ပြုတ်ကျသွားမှာစိုးလို့ပါ။






သားလေး ၆လကတည်းက မောက်ပီးသွားလိုက် လေးဘက်ထောက်ပီးသွားလိုက် မောက်ပီး တရွှတ်ဆွဲသွားလိုက် လုပ်နေရာကနေ ၆လခွဲလောက်မှာ ကောင်းကောင်း လေးဘက်ထောက် သွားနိုင်တယ်။ သားလေး ၇လ လည်း ကျရော လေးဘက်ထောက်ပီးသွားတာ ပြေးနေသလား အောက်မေ့ရတယ်။ မမ Angel နဲ့လည်း လေးဘက်ထောက် ပီး အပြေးပြိုင်လိုက်သေး (လေးဘက်ထောက်ပြိုင်ပွဲ) ပေါ့။ mommy ဆီကို လာတာလေ။ mommy က ဒိုင်လူကြီးပေါ့။




6th Months







သားလေးကို အိမ်သာ အထိုင်သင်နေတာ။ သားလေးနိုးလာတာနဲ့ အိမ်သာအိုးပေါ်မှာ ရေဗူးလေး ရေတိုက်ပီးတာနဲ့ ရှုးရှူးပေါက်တာကို အကျင့်လုပ်ပေးနေတာ။







5th Months












သားလေး ၅လနဲ့ ခုတင်ပေါ်မှာ မောက်နေရာကနေ ထိုင်လိုက်တာ။ ၅လနဲ့ ထိုင်တတ်တဲ့ သားသားလေး






4th Months







4လ သားလေးကို necktie လေးနဲ့ ဆင်ပေးထားတာ။ ချစ်လွန်းလို့




သားလေးရဲ့ ရေချိုးဇလုံ bath tub လေး ။ bath tub ပုံစံ ဒီဇိုင်းလေး။ ရေထွက်တဲ့အပေါက်ပုံစံ bath tub ပုံစံ ဒီဇိုင်းလုပ်ထားတဲ့ ကလေး ရေချိုးဇလုံလေး။ mommy အတွက်တော့ အဲဒီ ရေချိုးဇလုံက အဆင်ပြေတယ်။ သားလေးကို ခေါင်းလျှော်ပေးရတာအပြင် ရေချိုး ဆပ်ပြာတိုက်တာပါ အဆင်ပြေတယ်လေ။ ရေသန့် တစ်ဇလုံကိုတော့ ဘေးမှာထားတာပေါ့နော်။ သားလေး baby shower လေးနဲ့ တိုက်ပီးပီဆိုရင် mommy က ရေသန့်လေးနဲ့ ပြန်ချိုးပေးတာပေါ့။ အဲဒီအခါကျရင် ရေချိုးဇလုံအောက်က ရေပေါက်ကို ဖွင့်လိုက်ရုံပဲလေ။



3rd Months




သားလေးရဲ့ ကုတင်က အရုပ်လေးနဲ့ ဆော့ ခြေထောက်လေးနဲ့ကန်လိုက် လက်လေးနဲ့ ပုတ်လိုက် အသံမြည် လည်တော့ သားသားက အဲဒီအရုပ်လေးကို အရမ်းကြိုက်ပေါ့။



သားလေး ၃လ မှာ မှောက်တာ။ အိပ်ရာပေါ်မှာ ပက်လက်ကလေးထားပီး အရုပ်ကလေးတွေနဲ့ ဆော့ရင်းကနေ သားသားဘာသာ မှောက်တတ်လာတာ။





2nd Month






သားလေး ၂လမပြည့်ခင်က ဇက်ကလေးလည်းခိုင် ပြုံးတတ် ရယ်တတ် စကားလည်း ပြန်ပြောတတ် အမှီနဲ့လည်း ထိုင်နေတတ်ပီ။






(5 Weeks)








သားလေး ၅ ပတ်နဲ့ ရေချိုးအပီး ကတုံးလေးလည်း တုံးအပီး mommy ကို ပြုံးပြ နေတာလေ။ မြူလိုက်ရင် အသံလေးထွက်ပီး အူလှိုက် သည်းလှိုက်ကို ရီမောနေတဲ့ mommy ရဲ့ အချစ်ဆုံး အသည်းပေါက်မတတ်ချစ်ရတဲ့ သားလေး











(4 Weeks) 1st Month


သားလေး မွေးဆံပင်လေးနဲ့ ရေချိုးအပီး မိမွှေး ဖမွှေးအတိုင်းလေး အမှတ်တရ ရိုက်ထားတာ။
ချက်ကြိုးကလည်း မွေးပီး တစ်ပတ်အတွင်း ကောင်းကောင်းမွန်မွန် ကြွေသွားတယ်။










Children are like snowflakes: unique, fragile and fleeting.










Baby's arrival


When you were born I felt .....သားလေးကို နိုဝင်ဘာလ ၂၃ ရက်နေ့မှာ မွေးပီးတာနဲ့ mommy ပထမဦးဆုံး မြင်ကတည်းက စပီး ပျော်လွန်းလို့ ၀မ်းသာလွန်းလို့ mommy ပါးစပ်တောင် မပိတ်နိုင်အောင် တစ်ချိန်လုံး ပြုံးနေမိတာ၊ ရယ်မောနေမိတာ အမှန်ပါပဲ။ သားလေး ကျန်းကျန်းမာမာနဲ့ လူလောကထဲကို အောင်မြင်စွာ လာနိုင်ခဲ့လို့ လှိုက်လှိုက်လှဲလှဲ ၀မ်းမြောက် ဂုဏ်ယူမှုအပေါင်းတို့နဲ့ လတ်မိသားစု ( Latt Family ) မှ နွေးထွေးစွာ ကြိုဆိုပါတယ် သားလေးရယ် ....






  • Name : Henry M. Latt
  • Sex : Male
  • Day of Birth : Friday
  • Date of Birth : November - 23, 2007
  • Time of Birth : 11:54 A.M
  • Weight : 7 pd 1 oz
  • Height : average 2 feet
  • Blood group : O
  • Birth marks : both dimple
  • Place of Birth : Pun Hlaing International Hospital at Myanmar









    There's nothing like your Baby


    A little dream fulfilled,


    No wonder you're so happy


    And so very proud and thrilled,


    And so it is a pleasure


    To congratulate you two,


    And to send the best of wishes


    to the baby and to you.


    From,


    Grovit family




    Children are God's angels, sent by Him to brighten our world.



    Date : March - 12, 07


    Place : ROM, Singapore



    0 comments:

    Related Posts Plugin for WordPress, Blogger...

    Enjoy your visit!

    Please don't copy of my blog posts and photos, that is mine without my permission.

    Please don't remove blogger's copyright marks/watermarks from the images.

    လာလည်တာကို ကြိုဆိုပါတယ်။

    ( Family Personal Photos ) မိသားစု ကိုယ်ရေးကိုယ်တာ - ဓာတ်ပုံများ နှင့် ဘလော့ပိုစ့်များကို မိတ္ထူကူးယူခြင်း၊ ( ကော်ပီကူးခြင်း )
    လုံးဝ မပြုလုပ်ပါနှင့် ....