Saturday, October 10, 2009

East Point - Play Ground

တစ်နှစ်သားလောက်ကတည်းက play ground တွေမှာ ဆော့ကစားရတာ ကြိုက်နှစ်သက်လာတဲ့ သားသားလေး။ အခု အရွှယ်ရောက်တော့ ကစားကွင်းမှာ သားသားက အငယ်ဆုံး၊ အဆော့ဆုံး။ အဓိက ကတော့ မမ ရှိလို့ တော်သေးတာ။ မမ က ဘေးကနေ မောင်လေးကို ထိန်းပေးတော့ သားသား အန္တရာယ်ကင်း၊ အကြောက်အလန့်မရှိ ဆော့နိုင်တာပေါ့။ မမ က သားလေးအတွက် မရှိမဖြစ် အားကိုးရတဲ့အစ်မတစ်ယောက်ပါ။


ကစားကွင်းရောက်တိုင်း jamp ခုန်တဲ့ နေရာကို အကြိုက်ဆုံးပေါ့။ မမောနိုင်အောင်ကို ဆော့တယ်။ မာမီက အပြင်ကနေ လှမ်းခေါ်ပီး အအေး တိုက်ရ။ မုန့်ကျွေးရတယ်။ ပီးရင် ကစားကွင်းထဲကို ပြန်ဝင်သွားရော။ ၂ နာရီ နီးပါးလောက်ကို မမောနိုင်အောင် ဆော့နေတယ်။ အဲဒီ ကစားကွင်းထဲမှာ။ အပြင်ကနေ စောင့်ကြည့်ရတဲ့ မာမီ မောပေါ့။



ဒီလိုမျိုး အင်တာနက် အွန်လိုင်းပေါ်မှာ မိသားစု အမှတ်တရ အချိန်လေးတွေကို မှတ်တမ်းတင်ခွင့်ရတာ အရမ်းပဲ ၀မ်းသာ ကြည်နူးမိပါတယ်။ တကမ္ဘာလုံးမှာ ရှိတဲ့ မိသားစု ဘလော့တွေကိုလည်း Google သို့မဟုတ် Yahoo ကနေ ရှာပီး ဖတ်တယ်။ မနေ့ညနေကနေ စလို့ ဆော်ဒီ proxy က သုံးလို့ မရတော့ပါဘူး။ blogspot ကို သိပ်ရောက်နိုင်မယ် မထင်တော့ဘူး။ wordpress တိုက်ရိုက် သုံးလို့ရနေတာကိုပဲ ကျေနပ်ပါတယ်။


ဒီဘလော့က မိသားစုဘလော့ မို့လို့ မိသားစု အမှတ်တရ အချိန်လေးတွေကိုဘဲ မှတ်တမ်းတင်ပါတယ်။


ကစားကွင်းထဲမှာ ခုန်ပီး ဆော့နေသော ၂၂ လသား သားသား ဟဲဗန် ဗီဒီယို











From Oct 10 09


East Point Shopping Mall - 10.10.09 သွားခဲ့တုန်းက ဓာတ်ပုံလေးများ။ Handpone promotion ပွဲလေး အပါ











Oct 10 09

0 comments:

Related Posts Plugin for WordPress, Blogger...

Enjoy your visit!

Please don't copy of my blog posts and photos, that is mine without my permission.

Please don't remove blogger's copyright marks/watermarks from the images.

လာလည်တာကို ကြိုဆိုပါတယ်။

( Family Personal Photos ) မိသားစု ကိုယ်ရေးကိုယ်တာ - ဓာတ်ပုံများ နှင့် ဘလော့ပိုစ့်များကို မိတ္ထူကူးယူခြင်း၊ ( ကော်ပီကူးခြင်း )
လုံးဝ မပြုလုပ်ပါနှင့် ....