Monday, October 26, 2009

လက်ဆောင်ရသော ပစ္စည်း

Cali Gear

ရန်ကုန်မြို့ ... US made တွေချည်း ရောင်းတဲ့ ဆိုင်က ..... Cali Gear ဘိနပ်တစ်ရံကို ၁၂၀၀၀ ကျပ်။ အလျှော်လည်း ခံတယ်။ ဘိနပ်မှာ တပ်ဆင်ထားတဲ့ အရုပ်လေးတွေလည်း ပြောင်းပီး ဒီဇိုင်းဆင်လို့ ရတယ်။ ဆန်းလည်း ဆန်းတယ်။ usa made ဆိုတော့ ဈေးလည်း မဆိုးပါဘူး။


Bacteria Resistant

ဒါက ဖိနပ်မှာ အလှဆင်တပ်ဖို့ ။ ကြယ်သီးလိုမျိုးပဲ။ ဖိနပ် ရှေ့က အ၀ိုင်းပေါက်လေးတွေမှာ ဖြုတ်တပ်ပီး ကိုယ် ကြိုက်တဲ့ ဒီဇိုင်းနဲ့ အလှဆင်ပီး ဖိနပ် စီးဖို့ အတွက်တဲ့။ ၄ ခုကို ၆၀၀၀ ကျပ် (မတန်ပါ။) အပိုထပ်ဝယ်လာပေးတာတဲ့။ သမီးက ဒီဇိုင်း ဆင်ရတာ ကြိုက်တယ်ဆိုတော့ သမီးအတွက် အတော်ပါပဲ။


4 breeze-itz
The Children Place

The Children's Place တံဆိပ်။ ဦးထုပ်က ၈၀၀၀ ကျပ်။ မာမီ စိတ်ထဲမှာတော့ မတန်ပါ။ ယိုးဒယား ဦးထုပ်တွေလည်း ဒီဇိုင်း အစုံရှိပါတယ်။ သမီးလေး Shwe Pu Zun နဲ့ ILBC Trip သွားတုန်းက ဆောင်းထားတဲ့ ဦးထုပ်ဆိုရင် တစ်လုံးမှ ၂၀၀၀ ကျပ် ကျော်ပဲ ပေးရတာပါ။ ဒီဇိုင်းလည်း လှတယ်။


carter's let's play socks

ခြေအိတ်က original price က ၁၂ ဒေါ်လာ။ ဒီမှာတော့ ၁၁၀၀၀ ကျပ်။ မာမီ ၀ယ်ပေးတဲ့ ခြေအိတ်တွေကတော့ တစ်စုံကို ၁၂၀၀ ကျပ်။ ၆ခုဆို ၇၂၀၀ ကျပ်။ မတန်ပါ။


Tooth brush

မတန်ဆုံးက ဒီ သွားတိုက်တံပဲ။ ၈၀၀၀ ကျပ် တဲ့။ ဘက်ထရီနဲ့ ကလေး သွားတိုက်တံတောင်မှ ဒီမှာ ၇၅၀၀ ကျပ် ပဲ ပေးရတာပါ။ စီးတီးမတ်မှာ ၀ယ်လို့ရတယ်။


Summer time fun

မျက်မှန်ကတော့ တန်တယ်လို့ ထင်သည်။ ဘာလို့လည်းဆိုရင် သင်္ကြန် shopping mall တွေမှာ ရောင်းတဲ့ မျက်မှန်တွေက တစ်ခုမှ ၁၀၀၀ ကျပ် ကျော်လေးပဲ ဆိုပေမယ့် နေရောင်ခြည်ထဲ သွားရင် မှန်တွေက ပူတော့ ကလေး မျက်လုံး ထိခိုက်နိုင်လို့ ၀ယ်ကို မ၀ယ်တာ။ ဒီ အမေရိကန်ဖြစ်ကတော့ စိတ်ချရမယ် ထင်တယ်။


The Children Place

အတန်ဆုံးက ဒီဖိနပ်ပဲ။ ၆၀၀၀ ကျပ်။ သားသား ဖိနပ်တွေက တစ်ရံကို အနည်းဆုံး ၅၀၀၀ ကျပ် လောက် ရှိတာ။ ဒီ ဖိနပ်ကျတော့ ဒီဇိုင်းလည်း ဆန်းတယ်။ ဒီပုံစံမျိုး သားသား ဆီမှာလည်း မရှိသေးဘူး။

အဲဒီ ဆိုင်ကို တစ်ခေါက်လောက်တော့ သွားကြည့်ပါအုံးမည်။ computer laptop နဲ့ အခြား အမေရိကန်ဖြစ် ပစ္စည်းတွေ တော်တော်များများ ဒီဇိုင်းစုံ ရှိတယ်လို့ ပြောလို့ မာမီတို့ သားအမိတွေ သွားကြည့် ကြတာပေါ့။ တချို့ ဆိုင် တွေက ဒေါ်လာဈေးနဲ့ တွက်ပီး ဈေးနှုံး သတ်မှတ် တတ်ပေမယ့် တချို့ ဆိုင်တွေက လူကြိုက် များနိုင်မယ့် ပစ္စည်း၊ ဒီဇိုင်းလှတဲ့ ပစ္စည်းတွေကို ဈေးပိုတင်တတ်တယ်။ မာမီတို့ကတော့ ဈေးနှုံးက ယိုးဒယား ပစ္စည်းဈေးနှုံးနဲ့ သိပ်မကွာ။ ဒီဇိုင်းဆန်းရင် ကလေးတွေ အတွက် ၀ယ်ပေးလိုက်တာပါပဲ။ us made ဆိုတော့ quality က စိတ်ချရပီးသား မို့လို့ပါ။

ps : အလကားရတာကို အိမ်တွင်းပုန်း အိမ်ရှင်မ လုပ်နေသော မာမီ သွားဖြဲ ကြည့်နေတာကို လက်ဆောင်ပေးသော အမျိုး လာမဖတ်ပါစေနဲ့။ သူအိမ်မှာလည်း အင်တာနက် ရှိတယ်။


မိသားစု အတွင်း ၀န်ခံချက် : မာမီ ၀ယ်ပေးတာတွေကျတော့ အလကား မိုးပေါ်က ကျလာတာ ကြနေတာပဲ။ အမျိုး လက်ဆောင်ပေးသော ပစ္စည်းများကို သမီးက တ သ သ နဲ့ ကြိုက်လိုက်တာ ကြိုက်လိုက်တာ ဆိုပီး လက်က မချတမ်း ဖြစ်နေလို့ မိသားစု အမှတ်တရ ရေးမှတ်ထားလိုက်တာပါ။

0 comments:

Related Posts Plugin for WordPress, Blogger...

Enjoy your visit!

Please don't copy of my blog posts and photos, that is mine without my permission.

Please don't remove blogger's copyright marks/watermarks from the images.

လာလည်တာကို ကြိုဆိုပါတယ်။

( Family Personal Photos ) မိသားစု ကိုယ်ရေးကိုယ်တာ - ဓာတ်ပုံများ နှင့် ဘလော့ပိုစ့်များကို မိတ္ထူကူးယူခြင်း၊ ( ကော်ပီကူးခြင်း )
လုံးဝ မပြုလုပ်ပါနှင့် ....