Saturday, October 10, 2009

Japan Muffin




မုန့်နှစ်လောင်းထည့်နေတာ

Singapore မှာ ခဏ အလည်လာစဉ်တုံးက Fare Price သွားတဲ့ အခါမျိုးမှာ အမြဲတမ်း ၀ယ်စားဖြစ်တဲ့ ခေါက်မုန့်။ စလုံး ၁ ဒေါ်လာ ပေးရတယ်။ သမီးက ချောကလက်။ မာမီက စတော်ဘယ်ရီ စားတဲ့ အခါစား Blue Berry စားတဲ့အခါစားပေါ့။ ဒီနေ့ East Point Shopping Mall ကို ရောက်တော့ ကလေး ကစားကွင်းရှေ့က ဆိုင်မှာ အဲဒီမုန့် ရောင်းတဲ့ စက်ကို တွေ့တော့ သမီးလေးကော မာမီကော အရမ်းဝမ်းသာသွားတာပေါ့။ မစားတာ ကြာပီလေ။ အဲဒီ ခေါက်မုန့်ကို။ ဒီမှာတော့ တစ်ခုကို ၁၂၀၀ ကျပ်။ ၂ခု ၀ယ်လာတယ်။ အိမ်ေ၇ာက်တာနဲ့ မြန်မြန်စားတာပေါ့။ သူ့က ပူပူလေးမှ စားလို့ကောင်းတာ။ ကော်ဖီခါးလေးနဲ့ စားသောက်ကြတာပေါ့။


မြန်ပြည်က အသိ သူငယ်ချင်းများ စားချင်ရင် သွားဝယ်စားကြည့်ပါအုံးနော်။ မြန်ပြည်မှာတော့ အဲဒီ တစ်ဆိုင်ပဲ တွေ့သေးတယ်။ မေလက ဖွင့်တာတဲ့။ မာမီတို့က လျှောက်လည်တတ်တဲ့ ကာလတွေက ပွဲတော် ကာလတွေပဲ လျှောက်လည်ဖြစ်တယ်။ ကျန်တဲ့ အချိန်က အိမ်မှာပဲ။ သင်္ကြန်ပွဲတော်၊ သီတင်းကျွတ်ပွဲတော်၊ ခရစ်စမတ်ပွဲတော် ဒီလောက်ပဲ။ သင်္ကြန်တုန်းကပဲ East Point Shopping Mall ကို ရောက်ဖြစ်ခဲ့တာဆိုတော့ မေလလောက်ကတည်းက ရောင်းနေတာကို မသိလိုက်ပါဘူး။


ဒီနေ့ ၀ယ်လာတာကတော့ ချောကလက်နဲ့ ခေါက်မုန့် တစ်ခု၊ စတော်ဘယ်ရီ တခြမ်း၊ Blue Berry တစ်ခြမ်း သုပ်ထားတဲ့ ခေါက်မုန့် တစ်ခု ၀ယ်လာတယ်။



မုန့်နှစ်ရည် လောင်းထည့်ပီး
မုန့်နှစ်ရည် လောင်းထည့်ပီး


မုန့်ကျက်သွားပီ

မုန့်လုပ်တဲ့စက်

အချက်အပြုတ် ၀ါသနာပါသော သမီးလေး

Japan Muffin

0 comments:

Related Posts Plugin for WordPress, Blogger...

Enjoy your visit!

Please don't copy of my blog posts and photos, that is mine without my permission.

Please don't remove blogger's copyright marks/watermarks from the images.

လာလည်တာကို ကြိုဆိုပါတယ်။

( Family Personal Photos ) မိသားစု ကိုယ်ရေးကိုယ်တာ - ဓာတ်ပုံများ နှင့် ဘလော့ပိုစ့်များကို မိတ္ထူကူးယူခြင်း၊ ( ကော်ပီကူးခြင်း )
လုံးဝ မပြုလုပ်ပါနှင့် ....