Sunday, October 4, 2009

United Living Mall


Mall စဖွင့်ပီး ဒုတိယရက်မှာ သွားကြည့်တာ။ သားသားနဲ့ သမီးကတော့ အတိုင်းထက်အလွန်ပေါ့။ ပျော်နေကြတာ။ ကျောင်းလည်းပိတ်၊ ပွဲတော်ကာလဆိုတော့ မာမီလည်း ကလေးတွေ ပျော်ဖို့ လိုက်ပို့ ပေးလိုက်တာပါ။


ကစားကွင်းတွေကတော့ အကုန်လုံး နီးပါး အတူတူတွေ ချည်းပါပဲ။ ဒီ Mall က play ground က ပိုကျယ်တယ်။ တော်တော်ကို ကျယ်တာ။ ၀င်ကြေး ၅၀၀ ကျပ် ။ စ ဖွင့်ဖွင့်ချင်းဆို အဲလောက်ပဲ ယူတယ်။ ပုံမှန်က ၁၀၀၀ ကျပ် ပါ။ play ground တွေထဲမှာ super one တစ်ခုပဲ ဈေးသက်သာတယ်။

ခြေတွန်းကားလေးထဲမှာ သားသားလေ။ မမ က တွန်းပေးလိုက်။ အဲဒီ ကစားကွင်းထဲက ၀န်ထမ်းက တွန်းပေးလိုက်ပေါ့။


ကစားကွင်း အရှေ့မှာ ကြက်ကျော်၊ ဟမ်ဘာဂါ၊ အအေး ရောင်းတယ်။ မိဘတွေ ထိုင်စောင့်တဲ့ နေရာလည်း သပ်သပ်ပေးထားပါတယ်။ အဲဒီ ကြက်ကျော်ဆိုင် ဘေးတစ်လျှောက်မှာ ကလေး အကျီဆိုင် ရှိတယ်။ တရုတ် နဲ့ ယိုးဒယားဖြစ်တွေ များတယ်။ ဈေးတွေက ၁၀၀၀ ကျပ် ကျော်ကနေ ၁ သောင်းအထိ ရှိတယ်။ ရောင်းသူလည်း ကိုက်ပါတယ်။ ၀ယ်သူလည်း ၀ယ်နိုင်ပါတယ်။ မာမီကတော့ အတတ်နိုင်ဆုံးလေး ထောင်ဂဏာန်း အကျီ ၁၀ ထည် ၀ယ်မယ့်အစား ၂ သောင်းကျော်တန် အကျီ အကောင်းစားကို Blazon Shopping Mall မှာ သွားဝယ်ပေးပါတယ်။ အကျီတွေ အများကြီး အစား အကောင်းစား တစ်ထည်ကိုပဲ အတတ်နိုင်ဆုံးလေး ၀တ်ပီး ဆင်ပေးလိုက်တာပါ။


အခုခေတ် မျက်နှာကျက်ဒီဇိုင်း။ မင်းမော်ကွန်း (ကျော်ကျော်)တို့ အိမ်က ဧည့်ခန်း မျက်နှာကျက်လည်း အဲဒီ ဒီဇိုင်းပဲ။ မဂ္ဂဇင်းတွေမှာ တွေ့မိကြမှာပါ။ မင်းမော်ကွန်း အိမ်အပြင်အဆင်ကို။

တစ်ခါစီး ၁၀၀ ကျပ်။

၎ ခုလုံးကို သမီးက စီးတာ။
ဆော့ပီးရင် paint လုပ်ကြပါတယ်။ သားသားက စတစ်ကာခွာပီး ရောင်စုံခြယ်တာကို ရွှေးထားပါတယ်။ အဲဒီ ကားချပ်မှာ စတစ်ကာလေးတွေကို သူ့ အကွက်လိုက် သွားကြားထိုးတံလေးနဲ့ ခွာလိုက်။ ပီးရင် ခွက်ထဲမှာရှိတဲ့ ကာလာအမှုန့် တစ်ရောင်ကို ဇွန်းနဲ့ယူပီး ရောင်စုံခြယ်။ ပိုနေတဲ့ အမှုန့်တွေကို ခွက်ထဲ ပြန်ထည့်။ ပီးရင် နောက်တစ်ကွက်အတွက်ကို စတစ်ကာ ခွာပီး ထပ်ခြယ်။ အဲဒါဆို စတစ်ကာက ကော်နဲ့ ရောင်စုံ သဲမှုန့်တွေက ကပ်သွားပီး ကာလာလည်း မပြန့်ဘူး။ သူ့အကွက် သူ့ကာလာနဲ့ တော်တော်လေးကို လှပါတယ်။ ကျောက်မျက်ပန်းချီလို လက်လက် လေးနဲ့။ အဲဒါကို ပုံတုပီး သမီးက အိမ်မှာ မာမီရဲ့ eye shadow တွေနဲ့ ကော်နဲ့ကို စက္ကူမှာ ကပ်ပီး လုပ်ထားပါသေးတယ်။ တော်ပါသေးရဲ့။ အမတွေ နိုင်ငံခြားပြန် လက်ဆောင်ပေးတဲ့ eye shadow တွေ မဟုတ်ပဲ စီးတီးမတ်မှာ သင်္ကြန်တွင်းက ၀ယ်ထားတဲ့ eye shadow တွေပါ။ တစ်ဗူးကို လေး ငါးရာလောက်ပဲ ပေးရတယ်။ သင်္ကြန်လျှော့ဈေးဆိုပီး ဘန်ကောက်က လျှော့ဈေးကာလက ကုန်ပစ္စည်းတွေနဲ့တူပါတယ်။ မာမီလည်း တန် လွန်းလို့ ၀ယ်ထားလိုက်ပီး ဒီအတိုင်း ထားလိုက်တာ။ သမီး လက်ချက် မိသွားတယ်။ အဲဒီ စတစ်ကာနဲ့ ကာလာခြယ်တာ ၁၅၀၀ ကျပ်
သားသား ကာလာခြယ်တာ Rainbow ကာလာ ဖြစ်နေတယ်။ ဇွန်းနဲ့ယူပီး ကာလာခြယ်တာ အားမရလို့ လက်နဲ့ ယူနေလို့ အမြန်ဆွဲပီး လက်ဆေးရသေးတယ်။

သမီး ကာလာခြယ်တာကတော့ ဆေးဗူးနဲ့ အဲဒီဟာကို ကာလာခြယ်ပီးရင် သံပြားကို မီးအပူပေးလိုက်တယ်။ အဲဒီ ကာလာခြယ်ထားတဲ့ စတစ်ကာ က မှန်မှာ ကပ်လို့ရတယ်။ ရေချိုးခန်း ကြွေပြားမှာ ကပ်လို့ ရတယ်။ တစ်ခုကို ၂၀၀၀ ကျပ်

ဒါက နို့တိုက်ခန်းပါ။ နို့ဗူးဖျော်ဖို့ ရေနွေးအိုးလည်း ရှိပါတယ်။ နို့ဗူးထဲကို နို့မှုန့်ပဲ အိမ်ကနေ ယူလာယုံပါပဲ။ အမေနို့ တိုက်တဲ့လူတွေလည်း ထိုင်ပီး တိုက်လို့ ရပါသေးတယ်။

ကလေး အကျီဘက်ခြမ်း၊ သားသားက အိပ်ပျော်သွားပီလေ။ ကလေး အကျီ နည်းနည်းဝယ်ပီးတာနဲ့ အိမ်ပြန်လာလိုက်တယ်။ ဆိုင်တွေက တော်တော်များပါတယ်။ အကျီဆိုင်တွေ။ ယိုးဒယားဖြစ်နဲ့ တရုတ်ဖြစ်တွေ။ ဆံပင်ညှပ်ဆိုင်တို့ စာအုပ်ဆိုင်တို့ အစုံ ရှိတယ်။

0 comments:

Related Posts Plugin for WordPress, Blogger...

Enjoy your visit!

Please don't copy of my blog posts and photos, that is mine without my permission.

Please don't remove blogger's copyright marks/watermarks from the images.

လာလည်တာကို ကြိုဆိုပါတယ်။

( Family Personal Photos ) မိသားစု ကိုယ်ရေးကိုယ်တာ - ဓာတ်ပုံများ နှင့် ဘလော့ပိုစ့်များကို မိတ္ထူကူးယူခြင်း၊ ( ကော်ပီကူးခြင်း )
လုံးဝ မပြုလုပ်ပါနှင့် ....