Wednesday, October 7, 2009

ရွှေပုဇွန်မှာ မနက်စာသွားစား


ဒီနေ့ မနက် သားလေး နဲ့ သမီးလေး နိုးလာတော့ သွားမစားတာ ကြာပီဖြစ်တဲ့ ရွှေပုစွန်မှာ သမီးလေး ကျောင်းပိတ်တုန်း မိသားစု သွားစားဖြစ်ခဲ့တယ်။ ဒါက မာမီစားမယ့် နန်းပြားသုတ် (တစ်ပွဲ - ၁၂၀၀ ကျပ်) ပဲကြော် ထပ်မှာတယ်။ တစ်ခု ၂၀၀ ကျပ်

သမီးလေး နဲ့ သားလေး စားမယ့် အုန်းနို့ခေါက်ဆွဲ တစ်ပွဲ - ၇၀၀ ကျပ် + ငါးဖယ်ကြော် - ၂၀၀ ကျပ်


ရွှေပုစွန် ကော်ဖီ - တစ်ခွက် ၅၀၀ ကျပ် သမီးလေး ဖျော်ပေးနေတာ။ နို့ခွက်။ သကြား၊ ခရမ် အထုပ်တွေ ဖောက်ပီး မာမီအတွက် ကော်ဖီ ဖျော်ပေးနေတာ။


စားပွဲကို အဲလိုမျိုး ခင်းကျင်းပီး ပြင်ဆင်ပေးတယ်။ စားပွဲထိုးတွေကလည်း ဆက်ဆံရေး ပြေပြစ်ပါတယ်။ စကားမစပ် - ရွှေပုစွန် ဆိုင်သစ် ဖွင့်ခါစက ဈေးနှုန်းတွေက အပြင်က ဈေးနှုန်းတွေနဲ့ တူတူပဲ။


မာမီ သားလေး နဲ့ သမီးလေးနဲ့အတူ ... ဒီလိုမျိုး ပန်းပင်လေးတွေကြားမှာ မနက်ခင်း နေရောင်ခြည် နွေးနွေးလေးနဲ့အတူ မနက်စာ စားခဲ့ရတာကို အကျေနပ်ဆုံးပဲ။ မနက် ၇း၃၀ လောက် ဆိုင်မှာ သွားစားရင် အတော်ပဲ။ ဒီနေ့ မာမီတို့ ၈း၃၀ လောက်မှ ဆိုင်ကို ရောက်တော့ လူက တော်တော်များနေပီ။


ဒီနေ့ မာမီတို့ ထိုင်တဲ့ စားပွဲက ဒန်း ဘေးနားမှာ။ စားပွဲ တစ်ဝိုင်း နဲ့ တစ်ဝိုင်းက အဝေးကြီးပဲ။ သီးသီးသန့်သန့် လေး စားချင်တဲ့ မာမီ အကြိုက်ပေါ့။ ရွှေပုစွန်ကို ကြိုက်တဲ့ အထဲမှာ အဲဒါတွေ ပါတယ်။ ဈေးနှုန်းက လည်း သင့်တယ်။ ဟိုတယ်မှာ စားနေရတဲ့ ၀န်ဆောင်မှုလည်း ပေးလို့ မကြာခဏ သွားစားဖြစ်တယ်။ အိမ်နဲ့လည်း သိပ်မဝေးဘူး။ အစားအသောက်လည်း ကောင်းတယ်။

သားနဲ့ သမီးကတော့ စားလိုက်၊ ဒန်းစီးလိုက် နဲ့ပေါ့။


လက်ညိုးထိုးပီး မာမီတို့ကို ကြည့်ခိုင်းနေတာ။




သားသား နဲ့ သမီးလေးက ငါးကန်ကို ကြည့်နေတာ။ သမီး မမွေးခင်အချိန်ကတည်းက မာမီ ငါးတွေ မွေးဖူးသေးတယ်။ ရွှေငါး ၉ ကောင် လာဘ်ကိုဆောင်ဆိုပီး ရွှေငါး - ရွှေရောင် ၈ ကောင်နဲ့ ရွှေငါး - အမဲရောင် ၁ ကောင် မွေးဖူးသေးတယ်။ အခု သမီးတို့ ကြည့်နေတဲ့ Koi ငါးလည်း မွေးဖူးသေးတယ်။ အဲဒီ ငါးတွေက မ ဂဏားန်း မွေးရင် စီးပွားတက်တယ်။ ငါးကန်က အိမ်ရဲ့ ဘယ်ဘက်ခြမ်းမှာ ထားတာ အကောင်းဆုံးပဲ။ ညာဘက်ခြမ်းမှာ မထားကောင်းဘူး။ ငါးကန် ဆေးရင် မာမီ ကိုယ်တိုင်ပဲ ဆေးတယ်။ Koi ငါးတွေကျတော့ ရေကန်နဲ့ မွေးတာ။ အပေါ်ကနေ ကြည့်ရင် အကွက်လှတဲ့ အကောင်တွေပဲ မွေးတာ။ ဒီကောင်တွေက လူ ယဉ်တယ်။ လူမြင်ရင် အစာ အမြဲတောင်းသလို အရမ်းလည်း ခုန်တက်လို့ ရေကို အမြဲ လျှော့ထားရတယ်။ လက်တထွာလောက် လျှော့ထားတာပေါ့။ Koi ငါးကျ မာမီက ၁၁ ကောင်မွေးတာ ငါးလည်း များလို့ Sucker စုပ်ခွက်ငါး တစ်ကောင် ထည့်ပေးထားတယ်။ ကန် အောက်မှာ တရုတ်က လာတဲ့ ကျောက်စရစ်ခဲတွေ ခင်းပေးထားတယ်။ စုပ်ခွက်ငါးတွေက Koi ငါးတွေရဲ့ ချီးတွေကို စားတော့ ငါးကန် ရေက အမြဲ ကြည်နေတာလေ။ တစ်လမှ တစ်ကြိမ်လောက်ပဲရေလဲပေးရတယ်။ အဲဒီ Koi ငါး ကန်ဘေးမှာ Coffee Table ထားပီး ကော်ဖီ သောက်ရင်း ငါးတွေကို ကြည့်ရတာ အရမ်း စိတ်ချမ်းမြေ့ဖို့ ကောင်းတယ်။ ကျေနပ်ဖို့ ကောင်းတယ်။





မာမီ အရှင်သခင်လေး ကောင်းစေလတ်


မာမီရဲ့ Rainbow Princess လေး Angel







သမီးလေး ကြိုက်တဲ့ ချောကလက် ကူရ်းဖီးလ် - တစ်ပွဲ ၁၀၀၀ ကျပ်


သားသား ကြိုက်လွန်းလို့ ကိုယ်တိုင် စားနေတဲ့ ပူတင်း ဂျယ်လီ - ၁၀၀၀ ကျပ်


အစားအသောက် ဈေးနှုန်းတွေက သင့်ရုံလေးတွေ ယူထားပီး ၀န်ဆောင်မှုပေးတာက အရမ်းကို အဆင့်မြင့်လွန်းတယ်။ ဟိုတယ်ကြီးတွေမှာ သွားစားနေရသလိုမျိုး။ ရွှေပုစွန်က လိုက်ကာ တစ်ခုကိုပဲ တွက်ကြည်။ အဖြူရောင် ဇာနဲ့ လိုက်ကာ ဘယ်လောက်တန်လည်း မသိပေမယ့် အမျိုးအိမ်က လိုက်ကာက ပြူတင်းပေါက် တစ်ပေါက်ထဲကိုပဲ သိန်းချီ တန်ပါတယ်။

0 comments:

Related Posts Plugin for WordPress, Blogger...

Enjoy your visit!

Please don't copy of my blog posts and photos, that is mine without my permission.

Please don't remove blogger's copyright marks/watermarks from the images.

လာလည်တာကို ကြိုဆိုပါတယ်။

( Family Personal Photos ) မိသားစု ကိုယ်ရေးကိုယ်တာ - ဓာတ်ပုံများ နှင့် ဘလော့ပိုစ့်များကို မိတ္ထူကူးယူခြင်း၊ ( ကော်ပီကူးခြင်း )
လုံးဝ မပြုလုပ်ပါနှင့် ....