Tuesday, October 13, 2009

Dino Land - Wai Zayanta Shopping Mall

ဒိုင်နိုဆော ကမ္ဘာမှာ ၀င်ဆော့နေကြသော ကလေးများ


သီတင်းကျွတ် လပြည့်နေ့က စဖွင့်လိုက်တဲ့ ဝေဇယန္တာ ရှော့ပင်းမောက ဒိုင်နိုဆော ကမ္ဘာ။ သမီး နဲ့ သားကတော့ တော်တော်ပျော်ပေါ့။ ၀င်ကြေးက ခလေး တစ်ယောက်ကို ၁၀၀၀ ကျပ်။ ကစားကွင်းတွေ ရောက်တိုင်း သားသားကို အရမ်းငယ်သေးလို့ ထုံးစံအတိုင်း ပေးမ၀င်သေးပါဘူး။ မာမီက ဆော့နေကြ ဆိုတာနဲ့ သမီးလေး ဘေးမှာ ရှိတယ် ဆိုတာ ပြောပြလိုက်ရင် ကစားလို့ ရတယ်။ အထဲရောက်ရင် ကလေးကစားကွင်းက ၀န်ထမ်းတွေ ကူညီပီး ထိန်းပေးတယ်။ ကလေး အချင်းချင်းလည်း ညှာသလို သားသားကလည်း သူ့ကို ထိခိုက်မှာ သူ အသိလေးနဲ့ သူ့ဘာသာ သူ ရှောင်တယ်။ ဥပမာ - ခုန်တဲ့နေရာမှာ သူ့ တစ်ယောက်တည်းဆို ခုန်ပီး ဆော့တယ်။ ကလေးကြီးတွေ လာရင် သူ့က အဲဒီ နေရာကနေ သူ့ဘာသာ သူ ဆင်းတယ်။ ခုန်ပီး ဆော့တဲ့ နေရာမှာလည်း ခုန်တဲ့အခါ သားသားက မတ်တပ်ရပ်ပီး ခုန်နိုင်တယ်။ မယိုင်ဘူး။ သားသား အရမ်းပျော်ပေါ့။


သမီး ငယ်ငယ်တုန်းက Game City ကစားကွင်းတွေ သွားရင် ကြားရက်ကို သွားတယ်။ လူလည်း အရမ်းရှင်း။ အခု သားသား ကျတော့ မမ ကျောင်းပိတ်ရက်မှ မမ နဲ့အတူ သွားရတာ ဆိုတော့ လူတော့ နည်းနည်းများတယ်။ ကလေး ၈ ယောက်လောက်ပါ။ ကစားကွင်းလည်း ကျယ်တော့ တစ်ယောက်နဲ့ တစ်ယောက် မထိခိုက်ကြပါဘူး။ သိပ်တော့ စိတ်ပူစရာ မလိုဘူး။ မိဘတွေလည်း အပြင်ကနေ ကြည့်နေတော့ အဆင်ပြေတယ်။ မာမီကလည်း မျက်ခြေမပြတ်ကို ကြည့်နေတာ။


တခါတလေကျရင် သားသားကို မမ ကျောင်းသွားတဲ့အချိန် ကြားရက်တွေ ကစားကွင်း လိုက်ပို့ရင် ကောင်းမလား စဉ်းစားသေးတယ်။ သားသား ပျော်ပါ့မလား။ လူလည်း ဘယ်သူမှ မရှိတော့ တစ်ယောက်တည်း ဆော့နေရမှာ။ မမ သိရင်လည်း သူ့ကို မခေါ်လို့ ၀မ်းနည်းပီး ငိုအုံးမယ်။ အခုလိုမျိုးက အဆင်ပြေပါတယ်။


Angel နှင့် ဒိုင်နိုဆော


Dino Land


black tiger


သားသား ကို ဒိုင်နိုဆောဥ ထဲ ထိုင်ဖို့ ချီနေတာ


ကစားကွင်းရောက်တိုင်း ခုန်နေသော သားသား


ခုန်ပီးဆော့နေသော သားသား


ကစားကွင်း အပေါ်ထပ်မှာ ပတ်ဆော့နေသော သားသား


Moon & Bakery မှာ ရေခဲမုန့် စား


ကစားကွင်းမှာ ဆော့ပီးသွားရင် အောက်ထပ်မှာ ကားတွန်းလှည်းထဲ သားသားကို ထည့်ပီး ဈေးဝယ်။ ပီးရင် Moon & Bakery မှာ ရေခဲမုန့်စား။ ဒန်းစီးပီး စားရတာ ဆိုတော့ သား နဲ့ သမီးက ကြိုက်မှ ကြိုက်။



၁၃.၃.၀၉ သမီး P I Exam အပီးမှာ ကစားကွင်း ဖွင့်ခါစမို့ သွားကစားတဲ့ ဓာတ်ပုံများ။ သားသားက 15 လသား











3.13.09 - finish day of Angel's Primary One exam

သင်္ကြန် မတိုင်ခင် April - 12 ရက်က ဝေဇယန္တာ ကစားကွင်း နဲ့ ရွှေပုစွန် သွားတုန်းက ဓာတ်ပုံများ။ သားသားက 16 လ သား











April - 12, 2009 - Kalawaik Garden, Wazanyanta Shopping Mall & Shwepazun Garden (part - 2)

Angel - Primary II ကျောင်း ဖွင့်ခါစ 12.6.09 သားသား 18 လသားလောက်က ဝေဇယန္တာကစားကွင်းမှာ သွားဆော့တုန်းက ဓာတ်ပုံများ။

0 comments:

Related Posts Plugin for WordPress, Blogger...

Enjoy your visit!

Please don't copy of my blog posts and photos, that is mine without my permission.

Please don't remove blogger's copyright marks/watermarks from the images.

လာလည်တာကို ကြိုဆိုပါတယ်။

( Family Personal Photos ) မိသားစု ကိုယ်ရေးကိုယ်တာ - ဓာတ်ပုံများ နှင့် ဘလော့ပိုစ့်များကို မိတ္ထူကူးယူခြင်း၊ ( ကော်ပီကူးခြင်း )
လုံးဝ မပြုလုပ်ပါနှင့် ....