http://thetnandarfamily.wordpress.com
Wordpress Blog က မိသားစု အမှတ်တရအချိန်လေးတွေကို အင်တာနက် အွန်လိုင်းပေါ်မှာ အမှတ်တရ မှတ်တမ်းတင်ထားချင်ရုံ သပ်သပ်ပါ။
အဲဒီ ဘလော့မှာ တစ်နေ့ တစ်နေ့ အိမ်ကို လာလည်တဲ့ ဧည့်သည်တွေများလာတော့ နည်းနည်းတော့ လန့်လာပါပီ။ အရင်တုန်းက တစ်ရက်မှ Hit က ၃၀ သာသာပဲ ရှိတာ။ အခု Hit က ၁၀၀ နဲ့ ၂၀၀ ပတ်ဝန်းကျင်ဆိုတော့ လန့်ပါတယ်။
နာမည်ကြီး အိမ်တွေနဲ့ မနှိုင်းပါ။ သူတို့ အိမ်မှာတော့ လာလည်သူ တစ်ရက်တည်းကို ၇၀၀ ကျော် ရှိတာ။
အဲဒီဘလော့ရဲ့ Referer Link အများဆုံးက June One ဆီက လာတာပါ။ ဆာကူရာ မြန်မာက အသစ်တင်တဲ့ ရက်နဲ့ သွားပီ တိုက်ဆိုင်တဲ့ ရက်မှာတော့ တစ်ရက်တည်းကို Hit 200 ကျော်လောက် တက်သွားတတ်တယ်။
Wordpress ကို သဘောကျတဲ့ အထဲမှာ အဲဒါတွေ ပါပါတယ်။ Wordpress ==> Blog Stats ကို ဖွင့်ကြည့်ရင် Today နဲ့ Yesterday မှာ Referer Link , Top Post, Top Click ပါသလို Search Engine ကနေ လာရှာတဲ့ စကားလုံး Key word တွေလည်း ပါ ပါတယ်။
IP Address နဲ့ လာလည်တဲ့လူရဲ့ နိုင်ငံ၊ အချိန်၊ ဓာတ်ပုံတွေကို Download လုပ်ထားလားဆိုတာတော့ မပါ ပါဘူး။
လွန်ခဲ့တဲ့ ၅ ရက် ပတ်ဝန်းကျင်လောက်က မနက်တိုင်း မနက်စာ စားရင်းနဲ့ Wordpress Blog Stats ကို ဖွင့်ကြည့်တဲ့အခါ မှာ Top Post Click က အမဲသားမွှကြော် post ကြီးပဲ။ ဘုရားရေ .. တိုက်ဆိုင်တာတော့ မဟုတ်လောက်ဘူး။ တစ်ယောက်တည်းကပဲ လာလာ ကြည့်နေတာနဲ့တူတယ်။ ဘယ်သူများလဲး။ ဘယ်နိုင်ငံကလဲး။
သူ့က ကိုယ့်အိမ်ကို လာလည်ပီး စပ်စုသလို ကိုယ်ကလည်း ဧည့်သည်ကို ပြန်ပီး စပ်စုချင်လာတော့ Wiget တွေ ထည့်တော့တာပေါ့။ နိုင်ငံ ဖော်ပြတဲ့ Wiget ထည့်ကြည့်တယ်။ အမလေး စောင့်ကြည့်တဲ့ ကိုယ်တောင် မူးသွားတယ်။ ဘယ်လိုမှ ကြည့်လို့ မတတ်ဘူး။ နောက်ဆုံး ဒီ Hit Counter လေး ကို မနေ့က wordpress blog မှာ ထည့်လိုက်မှ အဆင်ပြေသွားတယ်။ ဒီ Hit Counter က တမင်တကာ ထည့်ထားတာပါ။
Wordpress က Hit Stats နဲ့ ကွာသွားတယ်။ Wordpress Hit က ကိုယ် Click သမျှ Hit Count မတပ်ဘူး။
http://thetnandarfamily.blogspot.com မှာတော့ Hit Counter ကို လူတိုင်း ကြည့်လို့ရအောင် ဘလော့ရဲ့ စာမျက်နှာ အောက်ဆုံးလေးနားမှာ View my stats ကို (public) လုပ်ထားပါတယ်။ အဲဒါကို click လိုက်ရင် Hit Count Stats ကို ကြည့်လို့ရပါတယ်။
http://my9.statcounter.com/project/standard2/stats.php?project_id=5152043
အဲဒီ StartCounter က 500 Log Size ပဲ Free ပေးတယ်။
Start Counter - Summary ကို ကြည့်လိုက်ရင် လာလည်သူ အရည်အတွက်
Popular Page - wordpress က top post နဲ့ တူတူပါပဲ။
Entry Page - စဖတ်တဲ့ စာမျက်နှာ
Exit Page - ပြန်ခါနီး ဖတ်တဲ့ စာမျက်နှာ
Came From - ဘယ်ကနေ လာတယ်။ Referer Link
Keyword Analysis - ရှာတဲ့စကားလုံး
Resent Key word Activity
Recent Came From
Search Engine War
Exit Links
Exit Links Activity
Download (ဓာတ်ပုံတွေ download လုပ်ထားတာကိုလည်း မြင်ရတယ်)
Download Activity
Visitor Path ( IP Address, Date & Time)
Vistor Length
Returning visit ( ပြန်လာလည်တဲ့သူ)
Resent Page Load Activity
Resent Visitor Activity
Resent Visitor Map
Country/State/City/ISP (နိုင်ငံတွေကို Count လုပ်ထားပေးတယ်)
Browser
System Stats
Lookup IP address (ကိုယ့်ကြည့်ချင်တဲ့ IP address ကို ရိုက်ထည့်ပီး သူ့ရဲ့ လာကြည့်သွားတဲ့ နေ့တွေ၊ အချိန်တွေ၊ ဖတ်သွားတဲ့ ပိုစ်တွေကို ကြည့်လို့ရတယ်။ ဓာတ်ပုံ Download လုပ်ထားတာပါ check လို့ ရတယ်)
Download Logs
တချို့ ISP နာမည်တွေလည်း တွေ့တယ်။ ဥပမာ - The Queen Far East Refrigeration Pte Ltd နဲ့ Home Sweet Home Viewqwest Pte Ltd တို့ရဲ့ ISP တွေပါ။
မိသားစု အိမ်ကို လာလည်တာ ကျေးဇူးတင်ပါတယ်။ ဒီနေ့ထက်ထိတိုင် အနှောင့်အယှက် မပေးတာ ကိုလည်း ကျေးဇူးတင်ပါတယ်။ Comment မပေးတာကိုလည်း အရမ်း ကျေးဇူးတင်ပါတယ်။
ဒီလိုပါပဲ အိမ်ရှင်မဆိုတော့ ဟိုတွေး ဒီတွေးနဲ့ စိတ်ပူတတ်တာ မဆန်းပါဘူး။ လာလည်သော ဧည့်သည်များကို ပြန်ပီး စပ်စုတတ်ပါတယ်။
0 comments:
Post a Comment