Friday, October 2, 2009

Game Center - Capital Shopping Mall


Wee Game ဆော့နေတာ။ တစ်နာရီကို ၅၀၀ ကျပ် ။ ဘတ်တံ ရိုက်တဲ့ game ဆိုရင် ဘတ်တံ ပေးတယ်။ မိုက်တယ်။ ကြိုးပျောက်ဆိုတော့ သမီး ဂိမ်းဆော့နေတဲ့ အချိန် သားသား အရှေ့ကနေ ဖြတ်သွားလည်း ကြိုး နဲ့ ခလုတ်မတိုက်တော့ဘူး။ အခု သမီးက Ben 10 ဆော့နေတာ။ သမီးက Barbie လည်း ကြိုက်သလို Ben 10, Power puff အစုံပဲ။ Cartoonnetwork က ဂိမ်းတွေ တော်တော်များများ ကြိုက်တယ်။ အခု ရက်ပိုင်း ကျောင်းပိတ်ထားလို့ အိမ်မှာ ရှိတဲ့ အချိန် တစ်နေ့ကို ၂ နာရီလောက် အင်တာနက် ဂိမ်းပေးဆော့ထားတယ်။ အခု Face Book က Pet Society နဲ့ Farm Town ဆော့နေတယ်။ ဂိမ်းတော့ မစွဲဘူး။ တီဗီကြည့်မယ်။ ပုံဆွဲမယ်။ သားသားနဲ့ ဆော့မယ်။ ကစားကွင်းသွားမယ်။


သားသားက က တာကို တော်တော် ၀ါသနာပါတယ်။ အိမ်မှာ တီဗီနဲ့ တွဲပီး ကတဲ့စက် ၀ယ်ထားတော့ အဲဒီသီချင်းတွေနဲ့ လိုက်ကတယ်။ အဲဒီ ခြေနင်းတဲ့ စက်ကလေးက တရုတ်က လာတာ။ တစ်ခုကို ၅၀၀၀ ကျပ်။ မီးတော့ မလင်းဘူး။ တီဗီ က ပေါ်လာတဲ့ ခြေကွက်တွေကိုပဲ လိုက်ကစားပီး ဆော့သွားတာ။ အခု ဒီ ဂိမ်းစင်တာက ဂိမ်းစက်ကျတော့ မီးလင်းတဲ့ အကွက်ကို လိုက်ကပီးဆော့တာ။


ဂိမ်းက ၆ လသားကတည်းက တဖြန်းဖြန်းနဲ့ ရိုက်ပီး ဆော့တတ်နေပီ။


ကားမောင်းတဲ့ ဂိမ်းက တခါဆော့ ၂၀၀ ကျပ် ။ 1 coin ကို ၁၀၀ ကျပ်



မိချောင်းထုတာ။ သားသားလည်းထု မမလည်း ထု။ တခါဆော့ ၁၀၀ ကျပ်

0 comments:

Related Posts Plugin for WordPress, Blogger...

Enjoy your visit!

Please don't copy of my blog posts and photos, that is mine without my permission.

Please don't remove blogger's copyright marks/watermarks from the images.

လာလည်တာကို ကြိုဆိုပါတယ်။

( Family Personal Photos ) မိသားစု ကိုယ်ရေးကိုယ်တာ - ဓာတ်ပုံများ နှင့် ဘလော့ပိုစ့်များကို မိတ္ထူကူးယူခြင်း၊ ( ကော်ပီကူးခြင်း )
လုံးဝ မပြုလုပ်ပါနှင့် ....