Saturday, October 10, 2009

Suki သို့ တစ်ခေါက်

Cocacola ကြိုက်သော သားသား


သားသားက ကိုကာကိုလာကို တော်တော်ကြိုက်။ ရေလည်းကစားပီးပီ ဆိုတော့ နေ့လည်စာကို East Point Shopping Mall မှာ ဖွင့်ထားတဲ့ Suki မှာပဲ စားလိုက်တယ်။ သားသား နဲ့ သမီးသောက်တဲ့ Cocacola က ၁၀၀၀ ကျပ်။ (ရွှေပုစွန် အပါအ၀င် ဆိုင်ကောင်းကောင်းတွေက ဈေးကို ၂ ဆ ယူကြတယ်) တခါတရံပဲ သွားစားဖြစ်တာပါ။ တစ်နှစ်လုံး နေမှ တစ်ခေါက်ပေါ့။


Angel


Hot pot ချက်နေသော သမီးလေး


Hot pot ကို သမီးလေးက ကိုယ်တိုင် ချက်နေတာ။ Menu ကြည့်ပီး သားသား နဲ့ သမီး ကြိုက်တဲ့ အစာတွေပဲ မှာလိုက်တယ်။ (ကျောက်ပွင့် = ၇၀၀ ကျပ်၊ ကြွက်နားရွှက် = ၇၀၀ ကျပ်၊ Baby corn = ၇၀၀ ကျပ်၊ ငုံးဥ = ၉၀၀ ကျပ်၊ ပုစွန်လုံး = ၁၂၀၀ ကျပ်၊ ပုစွန် အကောင်သေး = ၁၂၀၀ ကျပ်၊ Hot Pot အိုးကို စားပွဲပေါ်မှာရှိတဲ့ လျှပ်စစ် အပူပြားနဲ့ပဲ ချက်နေတာ။ သမီးလေးကတော့ တော်တော် သဘောကျပေါ့။ အစာတွေကို တခု ချင်းစီ ထည့်ပီး ချက်နေတာ။ အရွှက်၊ ကြာဇံတွေ ထည့်မမှာတော့ဘူး။ ၃ ယောက်တည်း စားတာ။ သမီး နဲ့ သား အရမ်းကြိုက်တဲ့ အစာတွေကိုပဲ ဦးစားပေး မှာလိုက်တာ။


စားဖိုမှုးလေး Angel


Ice Coffee


Ice Coffee = ၁၅၀၀ ကျပ် ဈေးကြီးလိုက်တာ :(


ထမင်းကြော်


ထမင်းကြော် = ၂၀၀၀ ကျပ်၊ ၅၀၀ ကျပ် ပိုများပေမယ့် ကြက်ဥကြော်ထည့်ပေးတယ်။ အားလုံးကို ပေါင်းပြောလိုက်ရင် စားလို့ ကောင်းတယ်။ အချက်အပြုတ် ၀ါသနာ ပါတဲ့ သမီး လေး ကြိုက်တဲ့ ဆိုင်ပုံစံ မျိုး ဖြစ်တယ်။

0 comments:

Related Posts Plugin for WordPress, Blogger...

Enjoy your visit!

Please don't copy of my blog posts and photos, that is mine without my permission.

Please don't remove blogger's copyright marks/watermarks from the images.

လာလည်တာကို ကြိုဆိုပါတယ်။

( Family Personal Photos ) မိသားစု ကိုယ်ရေးကိုယ်တာ - ဓာတ်ပုံများ နှင့် ဘလော့ပိုစ့်များကို မိတ္ထူကူးယူခြင်း၊ ( ကော်ပီကူးခြင်း )
လုံးဝ မပြုလုပ်ပါနှင့် ....