Saturday, October 3, 2009

ကရ၀ိတ် ကို သွားရောက်ခဲ့တုန်းက


မိသားစု အပန်းဖြေ နေကြတဲ့သူတွေ အများကြီးပါပဲ။ မာမီတို့ မိသားစုကတော့ ဘယ်သွားသွား ၃ ယောက်တည်းပါပဲ။ ဒါကြောင့်မို့လို့ အခင်းဖျာလည်း မပါသလို၊ ထမင်းချိုင့်၊ ခြင်းတောင်းလည်း မပါဘူး။ ပေါ့ပေါ့ပါးပါး ပိုက်ဆံအိပ်ပဲ ပါတယ်။ ပိုက်ဆံအိတ်မှာ ကင်မရာ၊ ဟမ်းဖုန်း၊ ရေဗူး (ပလပ်စတစ်နဲ့ လုံအောင် ပိတ်ထားတယ်)၊ Snack မုန့် အသေးတစ်ထုပ်၊ Wet tissue (အသေးတစ်ထုပ်)၊ Hand wash ။ ပိုက်ဆံ ဒါပဲ ပါတယ်။ ထီးကတော့ သမီးကိုင်ပေါ့။ အိမ်က ထွက်လာကတည်းက သမီးလေးကို မာမီ ပြောတယ်နော်။ ပိုက်ဆံအိတ်ထဲ ထည့်လို့ ရတဲ့ ထီးပဲ ယူခဲ့ပါဆိုတာကို သူ့ ဆောင်းနေကျ ပန်းရောင် ထီးခေါက်ကြီး ယူလာတော့ ထီးကြီးက ကိုးလို့ ကန့်လန့်ကြီး။ သားသားကတော့ လမ်းလျှောက်တယ်။ သိပ် ချီစရာမလိုဘူး။ ဘယ်သွားသွား မိသားစု ၃ယောက် ပေါ့ပေါ့ ပါးပါးပဲ ထသွားတတ်တယ်။


လမ်းလျှောက်ရင်း Pop Corn စားရင် ထွက်ကျလို့ ထိုင်စားနေကြတာ။ တစ်ထုပ်ကို ၅၀၀ ကျပ်

ညာကြည့်လိုက်

ဘယ်ကြည့်လိုက် ။ နေရာသစ်ကို စူးစမ်းလေ့လာနေတာ။

သမီးက ဒေါင်းတွေ ကြက်တွေကိုလည်း Pop Corn သွားကျွေးနေတယ်။ အဲဒီ အချိန် သားသားက သူပါ ကျွေးမယ်လုပ်လို့ အတင်း ဆွဲချီလိုက်တော့ သွားပါပီ။ မာမီ အကျီလေးတွေ။ ကရ၀ိတ် အထဲက မြေတွေက ရွှံမြေတွေ ဆိုတော့ သားသားဖိနပ်က ရွှံတွေက မာမီ အကျီ အောက်ပိုင်း နည်းနည်း ပေကုန်တာပေါ့။ ကလေး ချီထားရင်း ပိုက်ဆံအိတ်ကို ဖွင့် wet tissue နဲ့ သားသား ဖိနပ်ကို အရင်သုပ်ပေးလိုက်ရတယ်။ ကရ၀ိတ်မှာ ဆော့ရင် ဖိနပ် အပိတ်ပဲ စီးတယ်။ အရင်တုန်းက သမီးလေးက ဖိနပ် ထိပ်ဖွင့် ဒီဇိုင်း စီးလာတော့ ကစားကွင်းက သဲခြောက်တွေက ဖိနပ်စီးထားပေမယ့် ခြေထောက်ထဲ ၀င်လို့လေ။


ဒီ ဒေါင်းတွေက အစုံစားသလား မသိ။

အဲဒီ လျှောကို သားသားက ကိုယ့်ဘာသာ တက် ပီး ကစား။ အခု ဆော့နေတဲ့ ကလေးတွေ အကုန်လုံး သားသားလိုမျိုးပဲ တော်တော်ဆော့။ သူတို့ကတော့ ဖိနပ်ချွတ်ပီးဆော့နေကြတယ်။ မြေဓာတ် ရတော့ ကောင်းတာပေါ့။ ရွှံမြေဆိုတော့ ပိုကောင်းပါတယ်။ သားသားက မနေတတ်လို့ ဖိနပ်မချွတ်တော့တာ။ ပေသွားလည်း wet tissue အနည်းဆုံး ၅ ခုလောက် ကုန်အောင် သုတ်ပေးရတော့တာပေါ့ သားသားလေး။
တစ်ခါတုန်းက စာအုပ်တစ်အုပ်မှာ ချိတ်ကောင်တွေက မသန့်ရှင်းတဲ့ မြေကြီးထဲကနေ ခြေဖ၀ါးကနေ တစ်ဆင့် ခန္ဒာကိုယ်ထဲ ရောက်သွားတယ် ဆိုတာ ဖတ်ဖူးလို့ ဖိနပ် အမြဲတမ်း စီးဖြစ်နေတာ။ သန်ချတာက ၂ နှစ်ကျော်မှ သန်ချလို့ ရတယ်။ မြက်ခင်းတွေပေါ် မထိုင်ရဲတာကလည်း ဟိုးအရင် ညောင်တုန်းက အိမ်နီးချင်းက လူတစ်ယောက် မြက်ဖျားသီးနဲ့ နားကျပ်တာ ကျွတ်ဥတွေ နားထဲကနေ တစ်ဆင့် ၀င်သွားလို့ ဦးနှောက်ထဲမှာ သွားပွားနေပီး။ ခေါင်း အသေ ကိုက်ပီးတဲ့နောက် သေတော့မှ သူ့ ခေါင်းထဲက ကျွတ်တွေ ထွက်လာတာတဲ့။ တကယ့် အဖြစ်အပျက်လို့ ပြောတာပဲ။ အဲဒီ မြက်တွေက မြက်ရိုင်းတွေပါ။ ကရ၀ိတ်က မြက်တွေက စနစ်တကျ စိုက်ပျိုးပီး သေသေချာချာ ပြုပြင် မွမ်းမံထားတဲ့ မြက်တွေ။ မာမီတို့မှာ ပလပ်စတစ်ဖျာ မပါလို့ မထိုင်ဖြစ်တာပါ။
ဒါပေမယ့်လည်းလေ ကလေးတစ်ယောက်ရဲ့ ခံယူချက်လေးတွေက လူကြီးတွေထက် ပိုပီး ခိုင်မာလွန်းတော့လည်း မာမီက သမီးကို ဒီလိုလေး ပြောပြလိုက်တော့ သမီးတစ်ယောက် တစ်သက်လုံး မြက်ခင်းပေါ် မထိုင်ရဲလောက်အောင် ဦးနှောက်ထဲ သံမှို စွဲသွားတယ်နော်။


သမီးလေး ကြိုးတံတား လျှောက်နေတာ။ လူများလို့ မာမီနဲ့ သားသား မလျှောက်ဖြစ်တော့တာ။

Angel .... ကရ၀ိတ်ကို ရောက်တိုင်း Pop Corn အမြဲဝယ်စားတယ်။ အရင်တုန်းက Cotton Candy (အာတူပူစီ) ရောင်းသေးတယ်။ အခု အဲဒီဆိုင်လေးတွေ မတွေ့တော့ဘူး။


April - 12, 2009 - Kalawaik Garden, Wazanyanta Shopping Mall & Shwepazun Garden (Picasa Web Album)

0 comments:

Related Posts Plugin for WordPress, Blogger...

Enjoy your visit!

Please don't copy of my blog posts and photos, that is mine without my permission.

Please don't remove blogger's copyright marks/watermarks from the images.

လာလည်တာကို ကြိုဆိုပါတယ်။

( Family Personal Photos ) မိသားစု ကိုယ်ရေးကိုယ်တာ - ဓာတ်ပုံများ နှင့် ဘလော့ပိုစ့်များကို မိတ္ထူကူးယူခြင်း၊ ( ကော်ပီကူးခြင်း )
လုံးဝ မပြုလုပ်ပါနှင့် ....