Saturday, October 3, 2009

Game Center - Aladin (Kalaweik)


တစ်ခါစီး ၁၀၀ ကျပ်။ coin 1 ခု ။


ကလေးတွေက သီချင်းလေးနဲ့ စီးနေရရင် ပျော်နေတာပါပဲ။ ဒီ ဂိမ်းလည်း တစ်ခါစီး ၁၀၀ ကျပ်

ဒီ ဂိမ်းတွေက coin ၁ စေ့ ပဲ ထည့်ရပေမယ့် ဆော့တတ်ရင် တန်တယ်။ စ ဆော့ခါစ ဆို ခဏလေးနဲ့ ရှုံးသွားလို့။

သမီး အကြိုက်ဆုံး ဂိမ်းတစ်ခု။ အနီရောင် circle လေးတွေက သတ်မှတ်ထားတဲ့ အ၀ိုင်း အစွန်းနားကို ရောက်ရင် Drum ကို တီးလိုက်။ အပြာရောင် circle ဆိုရင် Drum ဘေးကို ခေါက်လိုက်။ အ၀ါရောင် အကြီးဆိုရင် ဆက်တိုက်သာ တီးပေတော့ပဲ။ ပြေးလာနေတဲ့ circle တွေကို အေ၇ာင်အလိုက် အ၀ိုင်း အစွန်းကို ထိပီဆိုတာနဲ့ တီးလိုက်ရင် အချိန်အဆ မှန်တတ်လို့ အဲဒီ ဂိမ်းဆော့ရင် သမီးက အမြဲတမ်း Level 4 အထိ ရောက်တယ်။ တစ်ခါဆော့ coin 2 ခု။ ၂၀၀ ကျပ်


player 1 ပဲ ရွှေးထားပေမယ့် သားသားက ဟိုဘက်ကနေ မမ နဲ့ အပြိုင် တီးနေတာ။ စိတ်ချ သားသား ကြီးလာရင် ဒီဂျေလို CD ကိုင်တဲ့ ဂိမ်းတို့ electric guitor ဂိမ်းတို့ မော်တော်ဆိုင်ကယ် ဂိမ်း၊ မြင်းစီးတဲ့ ဂိမ်းတွေ သေနတ်ပစ်တဲ့ ဂိမ်းတွေ ဆော့ရမယ်။ အခုတော့ ခဏစောင့်လိုက်ပါအုံး သားလေးရယ်။



coin ၁စေ့ ထည့်ပေးလိုက်ပီး တဖြန်းဖြန်းနဲ့ ချနေတာ။

မောင်းတံကိုလည်း ကိုင်ပီး direction ချိန်လိုက်သေးတယ်။ ဒူးမှာစွပ်ထားတာက ဒူးစွပ်။ ကစားကွင်းတွေ သွားတိုင်း ၀တ်ပေးဖြစ်တယ်။ လေးဘက်ထောက်တဲ့ အရွှယ်တွေမှာ ၀တ်ထားရတာပါ။ သားသားက ၆ လခွဲနဲ့ လေးဘက်ထောက်ပီး ၉ လမှာ လမ်းလျှောက်လို့ အဲဒီ ဒူးစွပ်တွေက ၃ ခုလောက် ၀ယ်ထားတာ သိပ် မသုံးလိုက်ရဘူး။ ကစားကွင်းတွေ သွားတဲ့ အခါ ကျမှပဲ ၀တ်ဖြစ်တယ်။ ပြေးရင်းနဲ့ ခြေလဲကျရင် ဒူးနာ သက်သာအောင်လို့။


မမ ကလည်း အာရုံ စူးစိုက်စွာ ကားမောင်းတဲ့ ဂိမ်းဆော့နေပါတယ်။ မောင်နှမ နှစ်ယောက် တက်ညီ လက်ညီ အပြိုင် ဂိမ်းဆော့နေကြတာ။

0 comments:

Related Posts Plugin for WordPress, Blogger...

Enjoy your visit!

Please don't copy of my blog posts and photos, that is mine without my permission.

Please don't remove blogger's copyright marks/watermarks from the images.

လာလည်တာကို ကြိုဆိုပါတယ်။

( Family Personal Photos ) မိသားစု ကိုယ်ရေးကိုယ်တာ - ဓာတ်ပုံများ နှင့် ဘလော့ပိုစ့်များကို မိတ္ထူကူးယူခြင်း၊ ( ကော်ပီကူးခြင်း )
လုံးဝ မပြုလုပ်ပါနှင့် ....